ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Wednesday, May 20, 2009

Anatomy of B-Brothers

တရံရောအခါ

ရွှေမန်းဌာနီ အမ်အိုင်တီတွင်

သူတော်အပေါင်း လူပျော်ကောင်းတို့

ရေစက်တခါ ရှိခဲ့ပါ၍

ဆုံကာတွေ့ဖူး မိတ်ဆွေထူးရာမှ

ညီအကိုပမာ ချစ်ခင်စွာနေခဲ့ကြဖူးလေ၏။

ထို ညီအကိုတသိုက်ကား

ဘီဘရာသားဟု အမည်ခေါ်တွင်လေသတည်း။


ထိုသူတို့ကား ..

ဘီဘရာသားက ပလီတရား တအားပွားတဲ့

ချစ်ဦးဆို တဲ့ ပြူကန် သား

ဟာသတွေလည်း တအားပွားတတ်သူက တယောက်။

ဆုံးမပြောဆို စကားထိုထို

မကြာခဏ ဆိုကာပြတတ်တဲ့

သဲသဲမဲမဲ ကိုကိုကျွဲဆိုသူက တယောက်။

ပြင်စည်၊ညောင်ရမ်း ခေါင်တန်းမှာ

ဆေးလိပ်တငူငူ အတူတူ သောက်ခဲ့ဖူးတဲ့

မြှောက်ပေးရင် ဂေါက်ပြေးတတ်တဲ့ ဘောက်ကလေး ဆိုသူက တယောက်။

ဆရာယောင်ယောင် သမားယောင်ယောင် နဲ့

အဟောက်အဟမ်း အဖောက်အရွှမ်းတွေနဲ့

ကတောက်ကတမ်း နေတတ်တဲ့

ကိုဝက်ဆိုသူက တယောက်။


တုံဏှိဘာဝေ ဘာမထေ တဲ့ ပုံစံနဲ့

အမြဲစဉ်းစား အလေးထားတတ်တဲ့

ပြူကန်နယ်သား မင်းမြင့်သိန်း ဆိုသူက တယောက်။


ပါးကွက်ကြီးနှစ်ဖက်နဲ့ တသက် ပုတီးခက်တော့မယ်

လျှောက်လျှောက်တီးတတ်တဲ့ ကိုဘောက်ကြီး ရော ပါရဲ့ထင့်။

ပြောပါညားလည်း ပြောသမျှလွဲ

နေရာတိုင်းကို သူပါချင်သည်။

သို့ပေမဲ့လည်း လုပ်တိုင်းလွဲတော့

ကိုချီးလို့ နာမည်တွင်ခဲ့တဲ့ ဇော်ဇော်ဆိုသူက တယောက်။

ပိန်ညောင်အရိုး ငါးဖေါင်ရိုးလို

ရှည်ရှည်ပိန်ပိန်ရှိနေလင့်ကစား

ဥာဏ်ရည်စားတဲ့ ကို ရွှေဘိုသား မောင်မောင်သန့်ဆိုလားက တယောက်။


ထိုမှတခါ

ပညာရည်နို့ သောက်စို့ကြရင်း

အမ်တီယူမြေမှ

လောကဓမ္မတာ

ခွဲကြခဲ့ရာဝယ်......။


ခုတော့….

ဘီဘရားသားများ တပြည်ခြားနေကြလေပြီ။


အရင်တုန်းကလို

လက်ပံပွင့်နီနီရဲရဲတွေကို မမြင်ဖူးတာ ကြာပြီ။

အမ်အိုင်တီ မရောက်ဖူးတာလည်း ကြာပြီ။

စွယ်တော်ရှိုက်သံကို မကြားရတာ ကြာပြီ။

ဘီဘရာသား တွေရဲ့ မွေးနေ့ မဆုံရတာလည်း ကြာပြီ

သြော်..သို့ပေမင့်ကား…

အခွင့်ချိန်ခါ တနေ့သာသော်

ဆုံချင်ပါသေး ရေမြောင်းဘေးက

ကိုအောင်ရှမ်းခေါက်ဆွဲ ဆိုင်ကလေးမှာ

ဟိုငယ်စဉ်တုန်းကလို

ရှမ်းခေါက်ဆွဲလည်း အလောင်းစားချင်သေးတယ်။


အမေပေးလိုက်တဲ့ စတီးအိုးလည်း

အပြီးအဖိုးမဖြတ်ပဲ

ဇွတ် ဒမြတိုက်လို့

အလျှောခံလိုက်ချင်သေးတယ်။


ပြင်စည်၊ ညောင်ရမ်း ခေါင်တန်းမှာလည်း ဆေးလိပ်အတူသောက်ချင်သေးတယ်။


အမ်တီယူ ရဲ့ လပြည့်ဝန်းကို ရေတံခွန်တောင် နောက်ခံထားပြီးလည်း ကြည့်ချင်သေးတယ်…။


ဘီဘရားသားတွေ စုပြီး စကားပြောချင်သေးတယ်..။


…………သေးတယ်……။ ….သေးတယ်…။ သေးတယ်…။….


သြော် ..ဒါပေမယ့်………………။

Saturday, January 31, 2009

B Brothers ညီအကိုများအားလုံး....မင်္ဂင်္လာပါဗျာ..
အားလုံးကိုတောင်းပန်တယ်လို့ အရင်ပြောချင်ပါတယ်..ဒီဘလော့ထဲကိုဝင်မယ် ၀င်မယ်နဲ့ ၀င်ချင်တာကြာပါပြီ။
ကျွန်တော့်အဖြစ် ကမြင်ရက်နဲ့မကြင်ရဘူး ဆိုသလိုပေါ့။ဒီဘလော့ကို ၀င်ပြီးညီ အကိုတွေတင်ထားတဲ့စာတွေကို
ဝင်ဝင်ပြီးဖတ်နေရပေမယ့်ပြန်မရေးနိုင်သေးဘူး...အဲဒီလိုနဲ့ကြာသွားတာပေါ့ဗျာ...ညီအကိုတို့..စိတ်မဆိုးကြေး
အကြောင်းကတော့..ကျွန်တော်ကမြန်မာလိုမရိုက်တတ်လို့ဗျ..ပြောရတာရှက်တယ်ဗျာ...ဟားဟား
ခုတော့ကျွန်တော်လည်း မြန်မာလိုရိုက်တတ်ပါပြီ..အင်ဖက်နတီ ပြန်လာပြီပေါ့ဗျာ...ညီအကိုတို့ရေ..ကြိုဆိုကြဦး
နော်..ကျွန်တော်က အားငယ်တတ်လို့..ဟားဟားဟားဟား

ဘာရယ်မဟုတ်ပါဘူးပျင်းလို့ရေးလိုက်တာပါ

သယ်ချင်းတို့ ရေ အခု ကျနော် တို့ ကာလုဂါက ကျွဲနှစ်ကောင်တော့ စာမေးပွဲဖြေနေရတယ် ဗျာ။ကျွဲ ခေါင်းဆောင်ကြီးလည်းအတူတူပေါ့နော်။ဟားဟားဟား အခုကျနော်ပြောမဲ့ အကြောင်းအရာက ကျနော်တို့ MTUမှာ ကျောင်းတက်တုန်းက ကျနော်တို့ ငါးယောက်( ပစ်တိုင်းထောင်၊အမ်အမ်တီ၊အင်ဖက်နတီ၊ ကျွဲပေါက်နှင့် ချစ်သားလေး ရော်ရွက်ရင့်) မင်းဂွန်းကိုသွားတဲ့အကြောင်းလေးကိုရေးမလို့ပါ။ လိုတာများရှိရင်လည်းဖြည့်စွက်သွားကြပါညီအစ်ကိုတို့ရေ။ အဲလေ သူတို့က ကျနော်ထက်ငယ်တယ်ဆိုတော့ ညီတို့ရေ။ ခက်တော့ခက်တယ်ဗျ။ ကျနော်တို့ကလည်း ငါးယောက်ခင်တယ်သာပြောတာရယ် ဘယ်ခရီးမှ ပေါင်းပြီးမသွားဘူးဖူးရယ်။ အခုက ပထမဆုံးပေါ့ဗျာ။ စီစဉ်လိုက်တိုင်းပျက်သွားလို့ ဘယ်မှမသွားဖြစ်ကြဘူးလေ။ အင်းသူငယ်ချင်းတွေစုသွားတာဆိုတော့တော်တော်ပျော်စရာကောင်းတယ်ဗျ။ မနက်ခင်း ၅နာရီလောက်ထပြီး ကျောင်းကနေထွက်ကြတယ်ဗျ။ ယောက်ျားလေးတွေဆိုတော့လည်းသိတဲ့အတိုင်း ယောက်ျားလေးသဘာဝ ကောင်မလေးတွေတွေ့ရင်စကြနောက်ကြပေါ့ဗျာ။ ပျော်တော့ပျော်စရာဗျ။ စထွက်ကတည်းက ကားပေါ်မှာပါလာတဲ့ ကျနော် တို့ Mechanical ကွင်းကိုစသွားကြတယ်ဗျ။ ကောင်မလေးကလည်းခပ်တည်တည်ပဲ။ နောက်တော့လည်းသူကခပ်တည်တည်ဆိုတော့ကျနော်တို့ကလည်း ခပ်ဖြီးဖြီးပေါ့ဗျာ။ ရုပ်တွေက ခပ်ပြောင်ပြောင်တွေရယ်။ အဲလိုနဲ့ပဲ ဧရာဝတီမြစ်ဆိပ်ကိုရောက်တော့ လှေစီးကြတာပေါ့နော်။ ပျော်စရာကောင်းလိုက်တာဗျာ။ လေကောင်းလေသန့်လည်းရမြင်ကွင်းကလည်းသိပ်ကောင်းဗျာ။ အဲကံဆိုးတာက တစ်ယောက်မှ ကင်မရာမပါဘူးလေ။ မှတ်တမ်းတင်စရာ ကင်မရာလေးတစ်လုံးတောင်မရှိတဲက ငမွဲ ငါးကောင်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ဦးနှောက်နဲ့မျက်စိနဲ့ပဲ မှတ်သားကြတာပေါ့ဗျာ။ မှတ်ဥာဏ်တွေကလည်းငယ်တုန်းဆိုတော့အကောင်းသားဗျ။ ဘာမှလည်းမမှတ်မိဘူး ဟားဟားဟား။ တကယ်ဗျာ ခင်ဗျားတို့လည်းမင်းကွန်းကိုရောက်ဖူးစေချင်တယ်ဗျာ။ တကယ်ရှေးမြန်မာလက်ရာတွေ အဲဒီမှာ ကြည့်လို့ရတယ်ဗျ။ အဓိကပြောချင်တာက မင်းကွန်းခေါင်းလောင်းကြီးအကြောင်းပေါ့ဗျာ။ သူက ကမ္ဘာပေါ်မှာတတိယအကြီးဆုံးတဲ့။ သူရဲ့ အလေးချိန်က မင်းဖြူဖြူမှန်မှန်ပြောတဲ့ (၅၅၅၅၅)ပိဿာပေါ့ဗျာ။ တကယ်အံ့သြစရာကောင်းတယ်ဗျာရှေးလူတွေတော်ပုံများ ။ ပထမတော့ သူတို့ကိုကျနော် အထင်သေးမိသေးတယ်" ဘာဖြစ်လို့ ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်အောင်မလုပ်ခဲ့တာလဲလို့" သူတို့ကိုအပြစ်တင်မိသေးတယ်။ အဲပြောဖို့မေ့ကျန်ခဲ့တယ်ဗျာ။ ပထမနဲ့ဒုတိယက ရုရှားမှာတဲ့ ။ ဟုတ်တယ်ဗျ။ ကျနော်လည်းဆရာမပြလို့ ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးကိုမြင်ဖူးတယ်။တွေ့ဖူးတယ်ပြောတာမဟုတ်ဘူးနော်။ သူ က တခြမ်းပဲ့နေတယ်ဗျ။ ပြီးတော့တီးလို့လဲမရဘူးလေ ။ ကျနော်တို့ မင်းကွန်းခေါင်းလောင်းကတီးလို့ရတယ်ဗျ။အဲဒါကိုကျနော်ကအဓိကပြောချင်တာ။ရုရှတွေက သူတို့ဟာဆိုရင်အကောင်းဆုံး။ သူတို့ပဲ အထင်ကြိးကြလို့ပါ။ ကျနော်တို့မြန်မာနိုင်ငံကိုခေါ်ပြီးမင်းကွန်းခေါင်းလောင်းကြီးကိုပြလိုက်ချင်တယ်ဗျာ။ ဒါမှမှတ်မှာရယ်။ အင်းဗျာ ပြောချင်တာက ညီအစ်ကိုတွေသွားတာကိုပြောချင်တာ တော်တော်ပျော်စရာကောင်းတယ်ဗျ။ နောက်ကိုကံကြုံရင် အတူတူသွားချင်သေးတယ်ဗျာ။ ဖြစ်လာနိုင်မလားတော့မသိပါဘူးဗျာ။ အဲဒီမှာလှည်းနဲ့သွားလို့လည်းရတယ်ဗျ။ ပြီးတော့ မင်းကွန်းပုထိုးတော်ကြိးပေါ်ကနေ ဧရာဝတီမြစ်ရဲ့ အလှကို ကြည့်လို့ရတယ်ဗျ။ တအားလှတဲ့ရှုခင်းပေါ့ဗျာ။ နောက်ကြုံရင်တော့ မိန်းမနဲ့သားသမီးတွေကိုခေါ်ပြီးသွားချင်သေးတယ်ဗျာ။မိန်းမနဲ့ကလေးတွေကဘယ်မှန်းမသိဘူး ဟားဟားဟား။တော်ပြီဗျာ ညီအစ်ကိုတို့ရေ ရုရှားကပြန်ရင်မင်းကွန်းကိုတစ်ခေါက်လောက်သွားကြဦးစို့လားဗျာ။

Thursday, January 29, 2009

ကျနော်လည်းရေးစရာမရှိလို့ရေးလိုက်ဦးမယ်နော်။ ကျနော်တို့ MTUမှာ ကျောင်းတက်ကြတဲ့ အကြောင်းလေးပေါ့ဗျာ။ ကျနော်တို့ဆိုတာအဓိက ကတော့ ကျနော်တို့အငယ်ငါးယောက်ပေါ့ဗျာ။ ကျနောတို့ တောင်တက်တဲ့ အကြောင်းလေးပေါ့နော်။ တစ်နေ့ပေါ့ ကျနော်တို့ PT( အဲဒီတုန်းက ကျောင်းမှာမနက်တိုင်းထပြေးရတယ်ဗျာ) ပြေးကြတယ်ဗျ။ အင်းPT ဆိုလို့ ဟဲဟဲဟဲ ကျနော်တို့ရေသာခိုခဲ့တာတွေကိုပြောချင်သေးတယ်ဗျာ။ ကြော်ငြာပေါ့ဗျာ။ ကျနော်တို့က ညတိုင်းညတိုင်းနောက်ကျမှအိပ်တာကိုးဗျ။ အဲဒီတော့ မနက်ကျတော့ဘယ်ထချင်တော့မလဲဗျာ။ အဲဒီတော့PT ဆရာလာနှိုးတော အိမ်သာထဲဝင်ပုန်းနေကြတာပေါ့နော် အဟီး။ အိမ်သာတက်သလိုဘာလိုနဲ့ပေါ့ဆရာလည်းလိုက်မစစ်ဘူးဗျ။ အဲတခြားသူတွေလမ်းတ၀က်လောက်ရောက်မှ ဖြတ်လမ်းက လိုက်ပြီးတော့ Roll-call ပေးလိုက်တယ်။ အဲဒီလိုပဲကျနော်တို့က သိပ်ပြီးတော့အကျင့်ကောင်းကြတာလေ။ အင်းဗျာ ပြောရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အော် ဟုတ်ပြီ ကျနော်တို့ တောင်တက်တဲ့အကြောင်းလေး ပေါ့။ PT ပြီးတော့ တောင်တက်ကြတယ်မယ်လုပ်တယ်။ အငယ်တွေငါးယောက်ပေါ့နော်။ ကျနော်တို့လည်းစတက်ကျရောပေါ့ တောင်ကတော့ ကျနော်တို့ကျောင်းရဲ့ အရှေ့ဘက်က ရှမ်းရိုးမ တောင်တန်း ထဲက တောင်ကုန်းလေးတစ်ခုပေါ့နော်။ အဲဒီတောင်ပေါ်မှာ ဘုရားလေးတစ်ဆူရှိတယ်ဗျ။ အဲဒီဘုရားကိုသွားပြီကန်တော့မှာပေါ့နော် ။ ရူးတာပေါ့ဗျာ။ လုပ်စရာမရှိလို့ပေါ့နော်။ စာကြတော့မကြည့်ဘူး။ ကျနော်တို့လည်းစတက်ကြရော ပြဿနာကစပါရော။ တကယ်ကိုကြီးမယ်တယ်ဗျ။ ကျနော်တို့ထဲက အင်ဖက်နတီလေ ဗျာ။ တောင်ကမြင့်လို့မတက်ချင်ပါဘူးလုပ်ပါရော။ နောက်တစ်ယောက်ကလည်း " ဟေ့ကောင်တွေငါတို့အတန်းရှိသးတယ်" လို့ပြောတယ်သူကတော့ ဘောက်ကြီးပါပေါ့ ။ ဟိုနယ်သားအမ်အမ်တီကတော့ဘာမှမပြောဘူး။ ပြောသာပြောရတာသူလည်းသိပ်တက်ချင်ပုံမပေါ်တော့ဘူးဗျ။ အဲ ဒီမှာ ကျနော်ကအကြီးဆုံးဆိုတော့ သတ္တိပြရတာပေါ့နော်(အဟီး ...တကယ်တော့ကျနော်လည်းကြောက်တယ်ဗျ)။ သူတို့ကိုရွဲ့ချင်တဲ့စိတ်ကြောင့်တက်မယ်ကွာလို့ပြောလိုက်တယ်။ ဟိုကျန်တဲ့ ကျနော်တို့ရဲ့ချစ်သားလေးကတော့ ကျနော်ပြောတဲ့ အတိုင်းပေါ့ နော် ( ဖေဖေကြီးသဘောပါတဲ့ သားကဖေဖေစကားဆိုနားထောင်ပြီးသားပါတဲ့) ပြောတယ်။ ဆောရီး သားကြီးရော်ရွက်ရင့်ရေ။ အဲဒါနဲ့ မဲနှိုက်ကြတာပေါ့နော်။အမ်အမ်တီ ကစိတ်ကမဆုံးဖြတ်ရသေးတော့ ကျနော်တို့ တက်ချင်တဲ့ဖက်က နိုင်တာပေါ့နော်အဲဒါနဲ့ စတက်ကြရောပေါ့ဗျာ။ အဲပြောဖို့မေ့နေတယ်ဗျ။ အခုနဆုံးဖြတ်တာက တောင်ခြေမှာလေ ။ အဲဒီလိုစတက်ကြတော့ မယ်သီလရှင်တစ်ပါးနဲ့စတွေ့တယ်ဗျ.သူကပြောတယ်။ ဒီပေါ်ကိုတက်ရင်မဆဲရဘူး၊အ၀တ်အစားအနီမ၀တ်ရဘူး၊ ကျနော်တို့ကလည်း ဘောင်းဘီနီတွေနဲ့ပေါ့နော်
အင်းလေ လူကြိးစကားဆိုတော့နားထောင်လိုက်ပါတယ်။ ကျနော်ကအကြီးဆုံးဆိုတော့လာကွာတက်ကြမယ်လို့လေ ဟားဟား။ တက်ကြတာပဲ တက်တော့လည်းတောင်ကမှားတက်နေတာလေ ။သိတဲ့အတိုင်းပဲ စကားပုံတောင်ရှိတယ်လေ။မြင်တော့အနီးလေ ။ သွားတော့ခရီးဝေးဆိုတာလေ ။ ဟားဟားဟားသိတဲ့အတိုင့်းပဲ မှားတာလဲ ပေါ်ရောက်မှတောင်မှားမှန်းသိကြတာလေ ။ကျနော်တို့တက်ချင်တဲတောင်က ဟိုဘက်မှာ အခုတက်နေတာက သူ့ရဲ့ရှေ့က တောင်လေ ။ ဒီလိုနဲ့ပဲ ကျနော် တို့ တက်ချင်တဲ့ တောင်ကိုမတက်ပဲပြန်လာကြရတယ်လေ။ ကျောင်းချိန်ကလည်း ရှိသေးတာကိုး။
ဘာမှတော့မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အတွေ့အကြုံလေးကိုရေးပြတာပါနော်။

ဘ၀မှာဘာအရေးကြီးဆုံးလဲ?

ဘ၀မှာဘာအရေးကြီးဆုံးလဲ?
ကျနော်တို့ B Brother's -MTU မှညီအစ်ကိုတို့ရေ အခုကျနော်ပစ်တိုင်းထောင်မေးချင်တာက ဘ၀မှာအရေးကြီးဆုံးကဘာလဲ တဲ့။ ညီအစ်ကိုတို့ရောသိကြလားမသိဘူး။ လူတိုင်းကတော့ ကိုယ့်ဘ၀မှာ အရေးကြီးဆုံးဆိုတာရှိကြမှာပဲနော်။ တစ်ဦးတစ်ဦးတော့ဘယ်တူမလဲနော်။ ကျနော်ကတော့ ဘ၀မှာ အရေးကြီးဆုံးက ငွေလိုပဲပြောချင်တယ်ဗျာ။ ညီအစ်ကိုတို့ဘက်ကလည်းငြင်းနိုင်ပါတယ်နော်။ ဒါကလည်းကိုယ့်အမြင်နဲ့ သူ့အမြင်ဘယ်တူမလဲ။ အခုကျနော်တို့ ရုရှဘာသာသင်နေရတယ်ဗျာ။ အဲဒီမှာဆိုက်ကိုသဘောအရ ဒီမေးခွန်းတွေပါလာတယ်။ ဘ၀မှာအရေးကြီးဆုံးက အလုပ်တဲ့။ တခြားတစ်ခုက ဘ၀မှာ ကျန်းမာရေးတဲ့။နောက်တစ်ခုကတော့ ငွေတဲ့။ ကျနော်ကတော့ ငွေလို့ပဲ ဖြေလိုက်တယ်ဗျာ။ဘာလို့တဲ့လဲပြန်မေးတယ်။ ကနော်ကလည်းပြန်ဖြေလိုက်ပါတယ်။ ငွေရှိရင်ကျန်တာတွေလိုက်လုပ်နိုင်တယ်။ဘယ်အရာမဆို(အားလုံးတော့မဆိုလိုပါဘူး) ငွေနဲ့ယူလို့ရတယ်လို့ဖြေလိုက်တယ်ဗျာ။ ကျနော်ရဲ့အဖြေကမှန်သလားမှားသလားမသိဘူးဗျာ။အင်းဗျာကျန်တာလည်းအရေးကြီးတာတွေရှိမှာပေါ့နော်။ မိသားစု၊အချစ်၊ နောင်အိမ်ထောင်ပြုတဲ့အခါ မိန်းမ၊သားသမီးဆွေမျိုး ၊သူငယ်ချင်းဒါတွေဟာသူ့ဟာနဲ့သူတော့အရေးကြိးနေတာပဲလေ နော်။အင်းဗျာဘာပဲဖြစ်ဖြစ်နောင်အသက်ကြီးလာလို့ ကျနော်တို့ရဲ့ကျွဲကိုကြိးပြောသလို ကိုယ့်မိသားစုနဲ့ ခြံဝန်းလေးထဲမှာ သီးပင်စားပင်လေးတွေစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ်ဗျာ။ အဲဒီအခါကြရင်တော့ရင်တော့ ကျနော်ရဲ့ "ဘ၀မှာအရေးကြီးဆုံးဆိုတာက ငွေ" ဟုတ်ချင်မှဟုတ်တော့မှာဗျ။ ကဲဗျာ ညီအစ်ကိုတို့လည်းညီအစ်ကိုတို့ရဲ့ ဘ၀မှာအရေးကြီးဆုံးကိုပြောပြကြပါဥိးနော်။

Saturday, January 24, 2009

မွေးနေမှာ ပျော်ရွင်ပါစေ

မင်ကလာပါဗျာ
ကျွန်တော်တိုမတွေတာကြာပြီနော်
B Brothers တွေကိုသတိကအမြဲရပါတယ်ဗျာ
မအားတာကြောင့်မ၀င်ဖြစ်တာပါ
ဒီနေ့တော့မ၀င်လို့မရဘူးလေဗျာ ဟုတ်ဘူးလားဗျာ ...အားလုံးလဲ သိပြီဖြစ်မှာ၂၅.၁.၂၀၀၉ ရက်နေ့ဟာ ကျွန်တော် ကျွဲညီနောင်တွေထဲက အငယ်ဆုံးသားလေး အထူးသဖြင့်တော့ ကျွန်တော်အမ်အမ်တီရဲ့သားလေးဖြစ်တဲ့သားချောလေးအဲမှားလို့ သားပေါ်လေးကိုရော်ရွက်ရင့်ရဲ့ မွေးနေဖြစ်ပါတယ်။။။ကဲ့ သားကြီး - ဘောက်ကလေး - သံမဏ-ီ ကို dog ထက်နေ-ကိုရော်ရွက်ရင် ဒီနေ့ဒီရက်ကစပြီး ဘ၀မှာလိုအင်ဆန္ဒတွေအားလုံးပြည်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
ချစ်သူနဲလဲအသက်ထက်ဆုံးပေါင်းဖတ်နိုင်ပါစေလို့ မင်းရဲ့ပါပါ အိမ်အိမ်တီက ဆုတောင်းပေးလိုက်ပါတယ်ဗျာ
*****သားကြီး ပျော်ရွင်ပါစေ*****

Sunday, January 18, 2009

ပြင်စည်ဆောင် လပြည့်ည တခုနဲ့ .....

အင်း ခုတလော အားနေလို့ ရေးလိုက်တာပါဗျာ
တချိန်က အမှတ်တရလေးပေါ့ ဟဲ ဟဲ
ကျွန်တော် ဒုတိယနှစ်တုန်းက အဖြစ်အပျက်လေးပါ ...
သီတင်းကျွတ်လပြည့် တခုမှာပေါ့ ကျွဲညီနောင်တွေ ပြင်စည်ဆောင် ခေါင်မိုးပေါ်တက်ပြီး ပေါက်တတ်ကရ အရယ်အနောက်လေးတွေ ပြောနေရင်း ကျွဲတကောင်ပေါ့ဗျာ သူ့ကောင်မလေးရှိတဲ့ အဆောင်သွားဖို့ မြှူဆွယ်တာနဲ့ ဘာရယ် မဟုတ်ဘူး အမကြီးတွေ နေတဲ့ အဆောင်ကို ထွက်လာခဲ့တာပေါ့
နာမည်တော့ အပြောတော့ပါဘူးဗျာ အဟီး (ပြောလိုက်ရင် သူစိတ်ဆိုးမှာကြောက်လို့)
အင်း မထွက်ခင်က အခန်းထဲမှာ အနော်က သက်စေ့ ဖယောင်းတိုင်းမီး ပူဇော်ထားတာ
အပြင်သွားမယ်ဆိုတော့ မြှူဆွယ်တဲ့သူက ညှိမ်းခဲ့ဖို့ ပြောပါတယ် ဒါပေမယ့် ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး
ဒီအတိုင်းထားလို့ အခန်းတံခါးသော့ခတ်ပြီး ထွက်လာတာပေါ့ဗျာ (လိုက်ရင် မုန်းစားရမှာဆိုတော့ အဟဲ)
အမကြီးတွေ အဆောင်ရှေ့လဲရောက်ရော အဲဒီကျွဲက သူပြောခဲ့သလို မုန့်တောင်းပေးပါတယ်
ဒါပေမယ့် ကံဆိုးချင်တော့ အနော်ရှိနေတဲ့ နေရာနားမှာ ပြင်စည်ဆောင်က အခန်းတခန်း မီးလောင်တယ်လို့
ပြောသံကြားမိတာပဲဗျာ နာမည်က ထက်အောင်ဆိုလားပဲတဲ့ အဲဒီမှာ အနော့နာမည်နဲ့တော့ ဆင်ပါတယ်ပေါ့
ဒါပေမယ့် မဟုတ်လောက်ဘူးဆိုပြီး သွေးအေးနေတာ နောက်မှ အခန်းနံပါတ်ပြောသံလဲကြားရော .....
ကဲ အဲဒီမှာ သိလိုက်တော့တာပဲဗျို့ မီးလောင်တာ အခြားသူအခန်းမဟုတ်ပဲ အနော်နေတဲ့ အခန်းဖြစ်နေတာလေ
ဒါပေမယ့် ညှိမ်းပြီးသွားပြီဆိုတော့ အနော်လဲ မစိုးရိမ်တော့ပဲ မုန့်များစားရမလားဆိုပြီး စောင့်နေတာပေါ့
သို့သော်လည်း ... ကျန်တဲ့ ကျွဲတွေက သူတို့ ဝေစုပိုရအောင် အနော့ကို အတင်းပြန်ခိုင်းတော့တာပဲဗျာ ...
ဒါနဲ့ အနော်လဲ မပြန်ချင်ပဲ ပြန်ခဲ့ရတော့တာပေါ့ဗျာ
အခန်းထဲလဲ ရောက်ရော ငါအစက စာကြည့်စားပွဲပေါ်မှာ ရေပုံးတင်ပြီး ဖယောင်းတိုင်ထွန်းခဲ့တာပါပေါ့ ခု ရေပုံးက မရှိတော့ပါလား အပြင်များရှိမလားဆိုပြီး ရှာကြည့်ပါသေးတယ် ဒါပေမယ့် မတွေ့ဘူးဗျ
ဘယ်တွေ့မလဲ ရေပုံးက အရည်ပျော်သွားပြီလေ ကံကောင်းတာက ကျောင်းစာအုပ်တွေ ပါမသွားလို့ မီးထဲ အင်း ဘယ်တတ်နိုင်မလဲ ဖြစ်ပြီးတာလဲ ဖြစ်ပြီးသွားပြီပဲလေ
ရှင်းစရာ ရှိတာလေးတွေ ရှင်းပြီး ကျွဲတွေ မုန့်တဖြဲ နှစ်ဖြဲ စားနေတဲ့နေရာကို ပြန်လိုက်တာပေါ့ ......
ဒါပေမယ့်ဗျာ ကျွဲတွေများချစ်စရာကောင်းလိုက်တာ အနော့ဖို့ နဲနဲလေးတောင် ချန်မထားဘူး အကုန်စားပစ်တယ် အင်းလေ သူတို့လဲ ငတ်နေလို့ စားတာပဲလို့ အကောင်းဘက်က တွေးလိုက်ပါတယ်
အဟီး စတာနော် ညီနောင်တို့ ....... စိတ်ဆိုးရဘူး ဟဲ ဟဲ
ဘာပဲ ပြောပြောဗျာ အနော့မှာတော့ ဖွတ်မရ ဓားမဆုံး ဖြစ်သွားတော့တာပါပဲ
အင်း အဆိုးထဲက အကောင်းတခုတော့ ရလိုက်ပါတယ် ဘာလဲဆိုတော့ အရင်က ကြည့်မရတဲ့ ကျွဲတကောင်နဲ့ အဲဒီနောက်နေ့ကစပြီး အတော်ကို ခင်သွားလို့ပါပဲ (သားကြီးရေ ကျေးဇူးပါပဲကွာ ......)
ခုတော့ ပြင်စည်ဆောင်ကြီးလဲ မိန်းကလေးတွေ အုပ်စိုးသွားပြီဗျာ နာမည်တောင် မန်းသဇင်ဆိုလားပဲ
လွမ်းမိပါတယ် ပြင်စည်ဆောင်ရယ် တချိန်က အမိတက္ကသိုလ်မှ ကျွဲညီနောင်တွေနဲ့ အတူပေါ့ .....................

(PS: - အနော့ အခန်းကို မီးညှိမ်းပေးတဲ့ မိုးနတ်မင်းကြီးကိုလဲ ကျေးဇူးပါပဲဗျာ၊ မိုးနတ်မင်းဆိုလို့ တမျိုးတော့ မထင်ပါနဲ့ အဲဒီ အကိုရဲ့နာမည်ကို ကာရန်လိုက်ရွတ်ကြည့်လိုက်ရင် မိုးနတ်မင်းလို့ ထွက်လို့ပါ အဟီး ...)