ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Saturday, January 31, 2009

ဘာရယ်မဟုတ်ပါဘူးပျင်းလို့ရေးလိုက်တာပါ

သယ်ချင်းတို့ ရေ အခု ကျနော် တို့ ကာလုဂါက ကျွဲနှစ်ကောင်တော့ စာမေးပွဲဖြေနေရတယ် ဗျာ။ကျွဲ ခေါင်းဆောင်ကြီးလည်းအတူတူပေါ့နော်။ဟားဟားဟား အခုကျနော်ပြောမဲ့ အကြောင်းအရာက ကျနော်တို့ MTUမှာ ကျောင်းတက်တုန်းက ကျနော်တို့ ငါးယောက်( ပစ်တိုင်းထောင်၊အမ်အမ်တီ၊အင်ဖက်နတီ၊ ကျွဲပေါက်နှင့် ချစ်သားလေး ရော်ရွက်ရင့်) မင်းဂွန်းကိုသွားတဲ့အကြောင်းလေးကိုရေးမလို့ပါ။ လိုတာများရှိရင်လည်းဖြည့်စွက်သွားကြပါညီအစ်ကိုတို့ရေ။ အဲလေ သူတို့က ကျနော်ထက်ငယ်တယ်ဆိုတော့ ညီတို့ရေ။ ခက်တော့ခက်တယ်ဗျ။ ကျနော်တို့ကလည်း ငါးယောက်ခင်တယ်သာပြောတာရယ် ဘယ်ခရီးမှ ပေါင်းပြီးမသွားဘူးဖူးရယ်။ အခုက ပထမဆုံးပေါ့ဗျာ။ စီစဉ်လိုက်တိုင်းပျက်သွားလို့ ဘယ်မှမသွားဖြစ်ကြဘူးလေ။ အင်းသူငယ်ချင်းတွေစုသွားတာဆိုတော့တော်တော်ပျော်စရာကောင်းတယ်ဗျ။ မနက်ခင်း ၅နာရီလောက်ထပြီး ကျောင်းကနေထွက်ကြတယ်ဗျ။ ယောက်ျားလေးတွေဆိုတော့လည်းသိတဲ့အတိုင်း ယောက်ျားလေးသဘာဝ ကောင်မလေးတွေတွေ့ရင်စကြနောက်ကြပေါ့ဗျာ။ ပျော်တော့ပျော်စရာဗျ။ စထွက်ကတည်းက ကားပေါ်မှာပါလာတဲ့ ကျနော် တို့ Mechanical ကွင်းကိုစသွားကြတယ်ဗျ။ ကောင်မလေးကလည်းခပ်တည်တည်ပဲ။ နောက်တော့လည်းသူကခပ်တည်တည်ဆိုတော့ကျနော်တို့ကလည်း ခပ်ဖြီးဖြီးပေါ့ဗျာ။ ရုပ်တွေက ခပ်ပြောင်ပြောင်တွေရယ်။ အဲလိုနဲ့ပဲ ဧရာဝတီမြစ်ဆိပ်ကိုရောက်တော့ လှေစီးကြတာပေါ့နော်။ ပျော်စရာကောင်းလိုက်တာဗျာ။ လေကောင်းလေသန့်လည်းရမြင်ကွင်းကလည်းသိပ်ကောင်းဗျာ။ အဲကံဆိုးတာက တစ်ယောက်မှ ကင်မရာမပါဘူးလေ။ မှတ်တမ်းတင်စရာ ကင်မရာလေးတစ်လုံးတောင်မရှိတဲက ငမွဲ ငါးကောင်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ဦးနှောက်နဲ့မျက်စိနဲ့ပဲ မှတ်သားကြတာပေါ့ဗျာ။ မှတ်ဥာဏ်တွေကလည်းငယ်တုန်းဆိုတော့အကောင်းသားဗျ။ ဘာမှလည်းမမှတ်မိဘူး ဟားဟားဟား။ တကယ်ဗျာ ခင်ဗျားတို့လည်းမင်းကွန်းကိုရောက်ဖူးစေချင်တယ်ဗျာ။ တကယ်ရှေးမြန်မာလက်ရာတွေ အဲဒီမှာ ကြည့်လို့ရတယ်ဗျ။ အဓိကပြောချင်တာက မင်းကွန်းခေါင်းလောင်းကြီးအကြောင်းပေါ့ဗျာ။ သူက ကမ္ဘာပေါ်မှာတတိယအကြီးဆုံးတဲ့။ သူရဲ့ အလေးချိန်က မင်းဖြူဖြူမှန်မှန်ပြောတဲ့ (၅၅၅၅၅)ပိဿာပေါ့ဗျာ။ တကယ်အံ့သြစရာကောင်းတယ်ဗျာရှေးလူတွေတော်ပုံများ ။ ပထမတော့ သူတို့ကိုကျနော် အထင်သေးမိသေးတယ်" ဘာဖြစ်လို့ ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်အောင်မလုပ်ခဲ့တာလဲလို့" သူတို့ကိုအပြစ်တင်မိသေးတယ်။ အဲပြောဖို့မေ့ကျန်ခဲ့တယ်ဗျာ။ ပထမနဲ့ဒုတိယက ရုရှားမှာတဲ့ ။ ဟုတ်တယ်ဗျ။ ကျနော်လည်းဆရာမပြလို့ ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးကိုမြင်ဖူးတယ်။တွေ့ဖူးတယ်ပြောတာမဟုတ်ဘူးနော်။ သူ က တခြမ်းပဲ့နေတယ်ဗျ။ ပြီးတော့တီးလို့လဲမရဘူးလေ ။ ကျနော်တို့ မင်းကွန်းခေါင်းလောင်းကတီးလို့ရတယ်ဗျ။အဲဒါကိုကျနော်ကအဓိကပြောချင်တာ။ရုရှတွေက သူတို့ဟာဆိုရင်အကောင်းဆုံး။ သူတို့ပဲ အထင်ကြိးကြလို့ပါ။ ကျနော်တို့မြန်မာနိုင်ငံကိုခေါ်ပြီးမင်းကွန်းခေါင်းလောင်းကြီးကိုပြလိုက်ချင်တယ်ဗျာ။ ဒါမှမှတ်မှာရယ်။ အင်းဗျာ ပြောချင်တာက ညီအစ်ကိုတွေသွားတာကိုပြောချင်တာ တော်တော်ပျော်စရာကောင်းတယ်ဗျ။ နောက်ကိုကံကြုံရင် အတူတူသွားချင်သေးတယ်ဗျာ။ ဖြစ်လာနိုင်မလားတော့မသိပါဘူးဗျာ။ အဲဒီမှာလှည်းနဲ့သွားလို့လည်းရတယ်ဗျ။ ပြီးတော့ မင်းကွန်းပုထိုးတော်ကြိးပေါ်ကနေ ဧရာဝတီမြစ်ရဲ့ အလှကို ကြည့်လို့ရတယ်ဗျ။ တအားလှတဲ့ရှုခင်းပေါ့ဗျာ။ နောက်ကြုံရင်တော့ မိန်းမနဲ့သားသမီးတွေကိုခေါ်ပြီးသွားချင်သေးတယ်ဗျာ။မိန်းမနဲ့ကလေးတွေကဘယ်မှန်းမသိဘူး ဟားဟားဟား။တော်ပြီဗျာ ညီအစ်ကိုတို့ရေ ရုရှားကပြန်ရင်မင်းကွန်းကိုတစ်ခေါက်လောက်သွားကြဦးစို့လားဗျာ။

No comments:

Post a Comment

BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။

ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။

ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။

ကျေးဇူးတင်လေးစားစွာဖြင့်

BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)