Wednesday, December 31, 2008
နှစ်သစ်အတွက်...ကျွန်တော်ရဲ့သေးငယ်သောတိမ်တိုက်လေး
နှစ်သစ်ရောက်လိုလာပါပြီးပေါ့နော်....BBrothers တွေလည်းအများသူငါတွေလိုတစ်နှစ်ကြီးလားပြီးပေါ့ဗျာ....တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ ခင်မင်မူတွေဟာ တစ်နှစ်ပိုမိုမြဲလာပြီပေါ့ဗျာ...**နှစ်သစ်မှာဘာတွေလုပ်ဖို့ရည်ရွယ်ထားလည်း**အမှန်တိုင်းသာပြောရရင်ဘာမှာမလုပ်ချင်ပါဘူး....ဒါပေမဲ့လူဆိုတာကလည်းခက်သားဗျာ....အဲဒီလူတွေထဲမှာ ကျွန်တော်ဆိုတဲ့ကောင်ကလည်း(အမ်အမ်တီ)ပေါ့ အင်းပိုခက်သားဗျာ.....ဘာလိုလည်းဆိုတော့ဘာမှာတော့မဟုတ်ပါဘူး။ ကျွန်တော်ပြောမယ်နော်..အဟမ်း...ပထမဦးဆုံး နှစ်သစ်မှာ ကျွန်တော်ကိုဒီလိုနှစ်သစ်တွေကိုတစ်နှစ်ပြီးတစ်နှစ်တွေ့ကြုံခံစားတက်အောင် လူလောကကြီးထဲကို ရောက်အောင်သက်ဆင်းခွင့်ပြုခဲ့တဲ့ ကျွန်တော်ရဲ့ဖေဖေ(ဦးရာတင့်)+မေမေ-ဒေါ်ဝင်းမေတို့ကို ကျွန်တော်ဒီBBrothers blogger ကနေရိုသေစွာကန်တော့လိုက်ပါတယ်။။။။။ကြွေလွင့်သွားသောကျွန်တော်ရဲ့ဖေဖေလည်းကောင်းရာဘုံဘ၀မှာပျော်ရွင်နိုင်ပါစေဖေဖေ။။။ကျွန်တော်အတွက်နုပျိုနေသောမေတ္တာတွေ့၊အားမာန်တွေပေးနေတဲ့ ကျွန်တော်ရဲ့ချစ်မေမေလည်းနှစ်သစ်မှာပျော်ရွင်ပါစေ။။။။ကျွန်တော်ရဲ့မိသားစု၊ဆွေမျိုးများ၊ဘီဘရာသားညီအစ်ကိုတွေ၊သူငယ်ချင်းမိတ်ဆွေများ၊သာမန်ထက်ပိုသောခင်မင်သူများနှင့်ကျွန်တော်ဘ၀ရဲ့ပထမဆုံးအချစ်ဥယာဉ်လေးကိုဖန်တီးပေးခဲ့တဲကျွန်တော်ရဲ့ချစ်သူလေး**လဲ့**အားလုံးနှစ်သစ်မှာပျော်ရွင်ပါစေ၊လိုအင်ဆန္ဒတွေနဲပြည့်စုံပါစေ။။။။။ကျွန်တော် ၂၀၀၉ မှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ့်။။။လိုအပ်နေတာတွေကို ကြိုးစားပြီးဖြည့်တင်းပါမယ့်။။။ကျွန်တော်ကကျောင်းသားဆိုတော့....နှစ်ဟောင်းက မကြိုးစားခဲ့တဲ့စာတွေကို ရေ၊လေ၊နှင်းနဲမျော့ပြီး၊နှစ်သစ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ်။။။ဘ၀ကိုအဓိပယ်ရှိရှိဖြစ်အောင်နေထိုင်ပြူမူပါမယ်။။။
မိသားစုရဲအပေါ်မှာ...ကျွန်တော်ဟာ အကောင်းဆုံးမဟုတ်တောင်၊အမြဲကောင်းနေတဲလူတစ်ယောက်ဖြစ်အောင်၊နှစ်ဟောင်းမှာကော့ နှစ်သစ်မှာကော့အမြဲကြိုးစားနေမှာပါ။။။နှစ်သစ်မှာ ပိုမို့ကောင်းမွန်တဲဘ၀ကိုရောက်ရှိအောင်လုပ်ဆောင်မယ်လိုပြောချင်ပါတယ်။။။ဒီလို့လုပ်ဆောင်ရာ...ကျွန်တော်ကို ၅၂၈ ချစ်ခြင်း၊၁၅၀၀ချစ်ခြင်းတွေနဲ့ကူညီဖေးမပေးဖို့တော့လိုအပ်မယ်လိုထင်ပါတယ်နော်။။။။။
အိုကေ ..ဒီလိုပြောဖို့လုပ်ဆောင်ပေးတဲ့ဘီဘရားသားညီအစ်ကိုတွေကိုအရမ်းပဲကျေးဇူးတင်ပါတယ်။။။
Tuesday, December 30, 2008
အချစ်ကြောင်းပြောမယ့်ကျွန်တော့်နယ်သား
တယ်ဆိုတဲစာပါလားဟ
အင်းနားထောင်ကြည့်လိုက်ပါအုံးမယ်လေ
သူသိပြောပြမဲ့အချစ်နဲ ၊အခုကျွန်တော်ရင်ခုန်နေတဲ့အချစ် ဘယ်လိုကွာလည်းဆိုတာကို
BBrothers ညီအကိုတွေနဲအတူ ၊ စောင့်မျော်ကြည့်လိုက်ပါအုံးမယ်ဗျာ
**အမ်အမ်တီ**
Monday, December 29, 2008
New Year Resolution နှစ်သစ်မှာ စိတ်သစ်လူသစ်
နှစ်သစ်မှာ စိတ်သစ် လူသစ် နဲ့ ဘ၀သစ် ကို ဘယ်လိုအစီအစဉ်တွေနဲ့ ဖြတ်သန်းမလဲ။
၂၀၀၉ ခုနှစ်ကို ဘယ်လို အကျိုးကျိုးရှိရှိသုံးမလဲ ဆိုတာ တစ်ဦးချင်းစီက ပို့စ်လေးတွေ တင်ပေးကြပါဦး။
ပြောလို့မရတာတွေတော့ ချန်ထားပေါ့ဗျာ....။ ဟဲ...........ဟဲ...။
ကောင်းတမန်
ကိုဝက်ရေ
နာမည်ကလည်းဝင်းဖေ(အိုင်တီ)တဲ့
ကျွန်တော်ကတော့ဝင်းဖေဆိုရင်ကျွန်တော်တို့မူလတန်းတုန်းကသင်တဲဆရာဦးဝင်းဖေပဲသိတယ်ဗျာ
ကိုဝက်က ကိုဝက်ပေါ့ဗျာ
ကိုဝက်ကိုလေးစားပါတယ်ဗျာ
ကဗျာရေးတာတောင် ကိုကိုယ်ကိုကြည့်ပြီးရေးထားတာနော်
ချဉ်တာတွေကော၊သိုးတာတွေကော့၊အေးပေါ့လေ
ကဗျာနဲလူနဲက တစ်ထပ်တည်းကျနေတာ
မိုက်တယ်လေးစားတယ်ဗျာ ဦးဝင်းဖေကြီး ဟီးဟီးဟီး(မြည်သံစွဲအလင်္ကာ)
BBrothers
နေရာ။ ။မန္တလေးနည်းပညာ တက္ကသိုလ်၊ ပြင်စည်ဆောင်။
အချိန်။ ။ ၂၀၀၃ ခုနှစ်ရဲ့ တခုသော နံနက်စောစော။
အဲဒီနေ့က မှတ်မှတ်ရရပါပဲ။ ကျူပ်တောင် မနိုးသေးဘူး။
နံနက်အစောကြီးမှာ တံခါးခေါက်သံတချို့ ကြားလိုက်ရတယ်။ အိပ်ချင်မူးတူးနဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း ကျူပ်တံခါးဆီကို သွားရင်း တွေးနေမိတယ်။ ငါ့ကို နံနက်စောစော ဘယ်သူမှ တံခါးလာမခေါက်တတ်ပါဘူးလို့။ တံခါးဆီကိုရောက်တော့ ဖွင့်ပြီး corridor တလျှောက် တံခါးခေါက်သူတွေကို ရှာမိတယ်။
“ဟင်…………..။ ဘယ်သူမှ မရှိပါလား…။ မနက်အစောကြီး ငါ့ကို သရဲများခြောက်နေပြီလား။ အင်း……ဘာမှ မဟုတ်လောက်ပါဘူး”
လို့ တွေးရင်း ပြန်ဝင်အိပ်ဖို့ တံခါးပိတ်မယ်လို့ ကြံနေတုန်း။
Corridor ထိပ်က ဘုရားခန်းထောင့်မှာ ကွယ်ပုန်းနေရာက ထွက်လာတဲ့ သူတချို့ ကိုတွေ့လိုက်ရတယ်။ လူတွေကလည်း ပြုံးရယ်ပြီး နည်းနည်း အားနာနေပုံလည်း ပေါက်နေကြတယ်။
အင်း ပြောဖို့ မေ့နေလို့ဗျ။ ပြင်စည်ဆောင်မှာ ကျူပ် နေတဲ့ အခန်းက သုံးထပ်မှာ။ သုံးထပ်ကို အလယ်မှာ ဘုရားခန်း ထားပြီး အရှေ့ ဘက်ခြမ်း နဲ့ အနောက်ဘက်ခြမ်း ခွဲထားတယ်။ ကျူပ် အခန်းက အနောက်ဘက်ခြမ်းမှာမှ ဘုရားခန်း နဲ့ ကပ်လျက် အခန်းပဲ။ အခန်းနံပါတ်က ၉၉။
အဲလို မနက်အစောကြီးအားမနာပဲ အခန်းတံခါးကို လာခေါက်ပြီးမှ အားနာချင်ယောင်ဆာင်သူတွေက တော့ ဘောက်ကလေး၊ဘောက်ကြီး၊ အမ်အမ်တီ နဲ့ ပစ်တိုင်းထောင်တို့ပါပဲ။ ရည်ရွက်ချက်ကတော့ လစာ ထုတ်ချင်လို့ပါ။
အဲဒီတုန်းက အတန်းကြီးတွေက အတန်းငယ်တွေကို လစာ ထုတ်ပေးရတယ်ဗျ။ မနေ့ညက လစာ ရရချင်း သူတို့ကို သွားရှာတော့ အခန်းထဲမှာ မရှိကြဘူး။ ကျူပ်ကလည်း ကိုယ်ချင်းစာတော့ လစာ ကို ရရချင်း သူတို့ ကို ထုတ်ပေးချင်ပါတယ်။ အဲဒီတုန်းက လကုန်ရယ်ဆို ကျောင်းသားတွေမှာ ရေက ပြတ်နေတတ်တယ်လေ။ သူတို့ကို အခန်းထဲမှာ မတွေ့တော့ ကျူပ်လည်း ကိုယ့်အခန်းကို ပြန်တက်ပြီး အိပ်လိုက်တော့တယ်။ နောက်နေ့မှ သူတို့ဆီ သွားပေးမယ်ပေါ့။
ဒါပေမယ့် မနက်အစောကြီးမှာ ကိုယ်တော်ချောတွေ ခုလို အားမနာပဲ လာနိုးတော့တာပဲ။ ကိုယ်ချင်းစာပါတယ်။ အဲဒီတုန်းက အဆောင်က ကျွေးတဲ့ မနက်စာ ဆန်ကြမ်း ထမင်းကြော်ကို နေ့တိုင်းစားရလွန်းလို့ မုန်းနေတဲ့ ကျောင်းသားတွေဟာ လစာထုတ်ရက်တွေမှာ မနက်စာ ကို ဒေါ်ဂွက်၊ ကျော်သူဆွေ၊ ကိုသြ ဒါမှမဟုတ် လမ်းထိပ်က လဖက်ရည်ဆိုင်မှာ မြိုးမြိုးမြက်မြက်လေး ဆွဲလိုက်ချင်ကြတာလေ။
ဒီလို နဲ့ လစာထုတ်ပေးရင်း သူတို့ အဖွဲ့ နဲ့ ကျူပ်လည်း ရင်းရင်းနှီးနှီး ဖြစ်သွားခဲ့တယ်။
စတတ် နောက်တတ်လွန်းတဲ့ ပစ်တိုင်းထောင်က တော့ အမြဲတမ်း စလိုက် နောက်လိုက် နဲ့ ဟာသတွေ နှောနေတတ်တယ်။
ကဗျာဆရာလိုလို၊ အလွမ်းသမားလိုလို၊ ဘာလိုလို ညာလိုလို က ဘောက်ကလေး။
မှုံတေတေ နဲ့ မအုံတအုံ နေတတ်တာက အမ်အမ်တီ။
ရုပ်တည်နဲ့ အရွှမ်းဖောက်တတ်ပြီး မြောက်ကြွမြောက်ကြွ နဲ့ က ဘောက်ကြီး။
နောက်တော့ ရုပ်တည် နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ။
စကားလုံးထွားထွားတွေနဲ့ ဂေါက်ကြောင်ကြောင် နေတတ်တဲ့ မောင်သန့် တို့လည်း ကျူပ်တို့ အဖွဲ့မှာ တိုးလာတယ်။
သတိရမိဆုံး၊ အလွမ်းရဆုံးကတော့ အမ်တီယူရဲ့ ဆောင်းညတွေပါ။
ဆောင်းညတွေဆို အဆောင်ခေါင်မိုးပေါ် တက်ပြီး လန်ဒန် စီးကရက်ကို တမြိုက်မြိုက် တစိမ့်စိမ့် သောက်ရင်း အမ်တီယူကို နောက်ခံအလှဆင်ထားတဲ့ မြခနောက်၊စိန်ခနောက် နဲ့ ရေတံခွန်တောင်တွေကို ကြည့်နေရတဲ့ အရသာဟာ တကယ် ဘာနဲ့မှကို မလဲနိုင်ဘူးဗျာ။
ရန်ကင်းတောင်၊ ကျိုက်ထီးရိုးတောင် နဲ့ ရေတံခွန်တောင် ကြောတွေမှာ ဆောင်းအကုန်၊ နွေအကူး တောမီးတွေ လှောင်နေတဲ့ သဘာဝရှုခင်းဟာ တကယ် ကို ရှုမငြီးပါပဲ။ တောမီးဟာ တောင်ခါးပန်း တလျှောက် မြက်ပင်ခြောက်ရှိရာကို ဦးတည် လှောင်နေတော့ မီးလှောင်နေတဲ့ ပုံစံတွေဟာ တတောင်နဲ့ တတောင် မတူကြဘူး။ တခါတလေ စက်ဝိုင်းပုံ။ အသည်းနှလုံးပုံက အစ။ ဂ ငယ် ပုံတွေ။ အစုံပါပဲ။
မန္တလေးတောင်ပေါ်က လျှပ်စစ်မီးတွေ၊ မန္တလေး ရဲ့ လမ်းတွေက လျှပ်စစ်မီးတွေ။ ဟိုး…စစ်ကိုင်းတောင်ကြောက လျှပ်စစ်မီးတွေ ကိုလည်း အဆောင်ခေါင်မိုးပေါ်ကနေ မြင်နေရတယ်။ဆောင်းရဲ့ နှင်းမှုံတွေနဲ့ အတူ လှပတဲ့ ပန်းချီကားတချပ်ကို ရေးဆွဲနေရသလိုပဲ။ တောမီးတွေ၊ လျှပ်စစ်မီးတွေဟာ ကောင်းကင်နောက်ခံမှာ ပန်းချီဆရာတယောက် ဆွဲထားတဲ့ လက်ရာမြောက် ကောက်ကြောင်းတွေလို ကောင်းကင်မှာ လိုင်းတွေ အလိုလို ရေးခြစ်နေကြတယ်။
ဆောင်းတွင်းရဲ့ အအေးဓါတ်ကလည်း ကိုယ်ထဲကို စိမ့်ဝင်။
နှင်းတွေက မှုံမှုံလေးပဲ မီးအလှတွေ နဲ့ သဟဇာတ သင့်လို့။
ဆေးလိပ်ကို ရှုရှိုက်ရတဲ့ အရသာက လည်း ဘာနဲ့မှ မလဲနိုင်။
သူငယ်ချင်းတွေနဲ့ လည်း ငယ်စဉ်ကအကြောင်း၊ ဘ၀အကြောင်း၊ လိုက်နေတဲ့ ကောင်မလေးတွေအကြောင်း၊ ရည်စားဟောင်းတွေ အကြောင်း။ စုံလို့ပဲ။ ဘ၀ ရသ၊ ဒဿန နဲ့ တခါတလေ ဘာမှ မဟုတ်တဲ့ အကြောင်းတွေ လည်း ပါတယ်။ တယောက်နဲ့ တယောက်စကြ၊ နောက်ကြ။ စကားနာလည်း ထိုးကြသေးတယ်။
အဲဒီ အခိုက်အတန့် လေးဟာ အေးချမ်းတဲ့ နေရာလေး တခုမှာ သူငယ်ချင်းတွေ စုဆုံမိနေသလိုလေး ခံစားရတယ်။ ဘ၀ အမောတွေလည်း ပျောက်သွားရသလို ခံစားမိတယ်။ တကယ် အဲဒီ တခဏလေး ကို ကုန်ဆုံးမသွားစေချင်ဘူး။
ညဉ့်နက်လေ အအေးဓါတ်က ပိုစိမ့်လေ။ လန်ဒန်တစ်ဘူးကလည်း တစ်လိပ်နှစ်လိပ်ပဲ ကျန်တော့ တဲ့ အချိန်ရောက်ရင် အသားကုန် နှမြောနေပြီ။ အခန်းကိုတောင် ပြန်မအိပ်ချင်တော့ဘူး။ စကားကလည်း အဲလို အချိန်ဆို အမှန်တကယ် အရှိန်ပိုကောင်းနေပြီ။ ဒါပေမယ့် အအေးဓါတ်က လွန်ကဲ လာတဲ့ အချိန်၊ ဆေးလိပ်လည်း ကုန်သွားရင် နှမြောမြော နဲ့ပဲ အခန်းကို ပြန်အိပ်ကြရတယ်။ တခါတလေကျတော့လည်း အခန်း တခန်းခန်းမှာ စုပြီး စကားဆက်ပြောဖြစ်ကြတယ်။
တကယ်ဗျာ…………………..။
အမ်တီယူ က အဲလို ညတွေကို ပြန်လိုချင်ပါသေးတယ်….။
သူငယ်ချင်း အရင်းအခြာလို၊ ညီအစ်ကို လို ခင်မင်ရတဲ့………..BBrothers တွေ နဲ့ ပြန်တွေ့ချင်သေးတယ်ဗျာ……..။
တနေ့နေ့ပေါ့………….။ ဘ၀က စောစီးစွာ တယောက်ယောက်ကို မယူငင်သွားခင် BBrothers အားလုံး ပြန်ဆုံခွင့်ရကြဦးမယ်ဆိုရင်။ အမ်တီယူ ညတွေလို ညမျိုးတွေ ပြန်ခံစားခွင့် ရှိဦးမယ် ဆိုရင်……………………..။ ဘာပဲပြောပြော တယောက်မှ မကျန်ပဲ တဖွဲ့လုံး ပြန်ဆုံချင်သေးတယ်ဗျာ…………..။
Saturday, December 27, 2008
ဝမ်းနည်းခြင်းလက်ဆောင်(နောက်ဆုံးလက်ဆောင်)
အနက်ရောင်နာရီလေး
ဓါတ်ခဲတော့မပါဘူး
အတိုအရှည်မညီတဲ့
နာရီလက်တံတွေက
ခြောက်နာရီတိတိမှာ
ထာဝစဉ်ရပ်တန့်နေတယ်။
ငါ့အတွက်....
ရနံ့မဲ့တဲ့စက္ကူပန်းလို
ကြိုပြီးမသိနိုင်တဲ့
အိပ်မက်တစ်မက်မက်ဖို့
ငြိမ့်ညောင်းသာယာတဲ့
တီလုံးလေးတွေနဲ့
မိုးလေးနည်းနည်းအုံ့ပြီး
အိပ်မက်ခွင့်ပြုပါ။။။။။။
(အမ်အမ်တီ)
ပြာနှမ်းနှမ်းည
မဟုတ်ဖူး.........
ညစ်ထေးထေးနိုင်တဲ့ည...
အချဉ်ဖောက်ခံထားရလို့ပဲလား
ကိုယ်ကိုယ်တိုင်ကချဉ်နေလို့လား
မသိနိုင်တဲ့ည....
ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့ည...
ဒါပေမယ့်..
ဒီညက
ရင်ခုန်သံတွေ ပုံစံတူကူးချထားတဲ့ညတော့မဟုတ်ဖူး
အာရုံတွေကတော့ အပျက်မဆန်ဆန်
ဖြစ်ပျက်နေတဲ့ည ...
ဒီလိုည က
ငါ့ဘ၀ ကို လွမ်းအောင်လည်းဖန်တီးမပေးဘူး
ချဉ်သိုးနေတဲ့ ည။
ဝင်းဖေ(အိုင်တီ)
Friday, December 26, 2008
သစ်ရွက်လေးရဲ့ ဝေဒနာစုတ်ချက်
ပျော်စရာရက်များ ဖြတ်သန်းသွားတာ
အိပ်မက်လေလား တကယ်လားလေ!
တွေးရင်းငေးရင်း စဉ်းစားနေစဉ်
လေရူးတချက်ဝေ့လိုက်မှပဲ သိလိုက်ရပြီ
နွေဦးဘက်တောင် ရောက်နေပြီလေ...
ဒီချိန်မှာပဲ
နွေကန္တာလယ် အလွမ်းသယ်လို့
ကြေကွဲတေးကို သီဆိုရှာတဲ့
ဖော်ကွဲငှက်ငယ် ဥသြရယ်...
ငါ့ဘ၀လဲ မင်းလိုပဲလေ
ပင်ယံထက်မှာ ရှိနေငြားလည်း
တရွက်ထဲပဲ အဖော်ကွဲလို့
ရင့်ရော်နေပြီ ကြွေတော့မည်...
ရော်ရွက်ရင့်
