Tuesday, January 13, 2009
အွန်လိုင်းပေါ်က အချစ်
ခေါင်းစဉ်ကို ဘာရေးလို့ရေးရမှန်းမသိပါဘူးဗျာ။ ကျွန်တော့် ညီတွေပေါ့။ သူတို့အကြောင်းအွန်လိုင်းမှာ အတင်းတုတ်ပါဦးမယ်။ ကျွန်တော်က လူက သာဘာမှ မဟုတ်တာ။ တပည့်လေးတွေက ရှိသေးတယ်ဗျ။ တပည့် ဆိုတာ တပည့် မိန်းကလေးက များတာကိုးဗျ။ အေးပေါ့လေ ကျောင်းဆရာ ဆိုတော့ လည်း ကျောင်းသူကျောင်းသားတပည့်တွေရှိမှာပေါ့ နော့။ အဲဒီမှာဗျာ အိုင်တီခေတ်ဆိုတော့ လဲ ........... ပြောပါဦးမယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ ကျွန်တော့် ညီတော်မောင်တွေပါ။ ဘယ်လိုက နေ ဘယ်လိုလဲတော့ မသိပါဘူးဗျာ။ ကျွန်တော့် တပည့် ကောင်မလေးတွေနဲ့ အွန်လိုင်းမှာ ဇာတ်လမ်းလေးတွေ ဖြစ်ပါလေရောဗျ။ မြန်မှာ မြန် ဒီဘက်က ဆရာ အဖြစ်နဲ့ ရော ဟိုဖက် က အကို အဖြစ်နဲ့ ပါ မသိလိုက်ဖူး။ သိလိုက်တော့ သူတို့ က အဆင်တွေကိုပြေလို့။ ညီတွေခမျာ ရှိစုမဲ့စု နဲ့ ဖုန်းဆက်ရ စာသင်တာ မအားတဲ့ ကြားက ကျောင်းစာတဖက်နဲ့ ချတ်တင် ပြောရနဲ့ တော်တော်လေးကို သနားစရာကောင်းနေပါတယ်။ ကျွန်တော်ကလည်း သိတဲ့အတိုင်း မြှောက်ပေးပါတယ်။ နှစ်ဖက်လုံးကို အညီအမျှပါပဲ ဟဲဟဲ။ ကျွန်တော့် ညီတွေများ ချစ်စရာကောင်းချက်။ အမြဲအွန်လိုင်းမှာ တွေ့ ရင် အကို နေကောင်းလား တခါမှ မေးဘူး။ အကို သူ့ကို မနက်ဖြန်ကျွန်တော် အတန်းရှိလို့ ဒီနေ့ တွေ့ရင်ပြောပေးပါ။ နောက်ညီတော်မောင်တစ်ယောက်က အကို သူ့ကို ဂရုစိုက်လိုက်ပါဦး။ ပြန်ပြောလိုက်ပါတယ် ငါ့တပည့်တွေက မင်းတို့ ပြောမှ ငါက ဂရုစိုက်ရမှာလား ငါ့တပည့် တွေအရင်ကတည်းက ဂရုစိုက်ပြီးသား လို့။ ကိုယ်က အကြီးဆိုတော့ ဟောက်လွှတ်လိုက်တယ် ဘာရမလဲ။ ဒါတွေကို အရင်ကတော့ မပြောဘူးလို့ပါပဲ။ နံမည်တော့ မပြောတော့ပါဘူး သိချင်နေလား။ ဒါပေမယ့် ကျွန်တော်က လည်း နာမည် တစ်လုံးနဲ့နေတာဗျ။ အကြောင်းအရာ တစ်ခုကို စပီကာနဲ့ အော်ပြောတာက အကန့်အသတ်ရှိသေးတယ်။ ကျွန်တော့်သိသွား တာက ပိုကြောက်ရတယ်တဲ့ ဗျ။ လူစုံမှ ရှင်းပြတာတို့ (ကျောင်းဆရာ ၀သီလေ) အွန်လိုင်းက ဘလော့ မှာ တင်ရေးတာတို့ (အိုင်တီ သမားကိုး) ဒီလောက်ပဲလုပ်တာပါ။ တချို့ဆိုရင် အွန်လိုင်းကနေ သီချင်းဆိုပြခိုင်းတာ ဆိုမပြလို့ ကွန်နက်ရှင်ချက်ချင်းဖြတ်မယ် ဆိုပြီး ချိန်းခြောက်ခြင်းကို ခံရသဗျ။... အဲဒါတွေကို မပြော တော့ ပါဘူးဗျာ...
Subscribe to:
Post Comments (Atom)
2 comments:
ကိုအိုင်တီ(၀င်းဖေ)
ဟာ မဟုတ်ပါဘူးဗျာ..။
ကိုဝင်းဖေ(အိုင်တီ)
အွန်လိုင်းပေါ်က အချစ်ဆိုလို့ ကိုယ်တိုင်ရဲ့ လိုင်းပေါ်က အချစ်အကြောင်းကြွားတော့မယ်ထင်တာ။ ခုတော့ ဘယ်ဟုတ်မလဲ။ ဖိုးကဲလေးတွေ အကြောင်းရေးထားတာပဲ။
အဲဒီ ဖိုးကဲလေးတွေအကြောင်းတော့ ကျူပ်လည်း သိပ်မပြောချင်ပါဘူးဗျာ........။လပြည့်နေဆို လပတ်တွေ ဘာတွေ ကျင်းပတဲ့ လူ ရှိသေးတယ်။ အဲဒီနေ့ဆို ထမင်းမေ့၊ ဟင်းမေ့၊ စာမေ့၊ သူငယ်ချင်း အကို တွေကို မေ့ပဲ။
ဆေးလိပ်မရှုရရင် မနေနိုင်တဲ့ ကောင်ကလည်း ခု ဆေးလိပ် အပြီး ဖြတ်လိုက်ပြီတဲ့။ ဟီ......ဟိ။ သိပ်တော့ မယုံနဲ့ လို့ သူ့ ကောင်မလေးကို ပြောထားရဦးမယ်။ လိုင်းပေါ်မှာ မြင်လည်း မမြင်ရပဲ နဲ့လို့........။ ဟဲ......ဟဲ။
တချို့ကတော့ အချစ်ဆိုတာ ဘာလဲ၊ ညာလဲ တွေ Customized Message တွေ ဘာတွေ တင်ထားသေးတာ။ ရူးတာ ..။ အဲလောက်ပါဆို။
ဘယ်တုန်းကတွေ့ပြီး ဘယ်အချိန် ဒေါင်းလုပ်ဆွဲလိုက်မှန်းကို မသိဘူး။ မြန်ချက်က ပြောပါတယ်။ ခုတော့ ကိုယ်စီ၊ ကိုယ်စီနဲ့။
အင်း...........။ ကျူပ်တို့ကပဲ ဘိုးတော် ဖြစ်နေလို့ ထင်ပါရဲ့။
အင်တာနက်ခေတ်များဗျာ.......။
ကဲ ...ဖိုးသားတို့ရေ
ကိုယ်ကောင်မလေး ရဲ့ ဆရာ၊ ကိုယ့်ရဲ့ အကို ဆိုတော့ လည်း လေးစားကြလေကွာ။ တော်ကြာ ကိုဝင်းဖေကြီး ထိုင်ငိုနေဦးမယ်။ ဆရာဖြစ်ပြီးတော့...။ အဲဒီတော့ ဖိုးသားတို့က ကိုဝင်းဖေကြီးကို
အကိုဆရာ ကိုဝင်းဖေ လို့ ခေါ်လိုက်ကြဗျာ.......။ ကိုဝင်းဖေကြီးလည်း ကျေနပ်သွားတာပေါ့..............။
ဟဲ ဟဲ ဘလော့ထဲမှာ အကိုကြီးနှစ်ယောက်က အွန်လိုင်းပေါ်က အချစ်အကြောင်း ဆွေးနွေးနေတော့ ညီလေးလဲ စိတ်ဝင်စားတာပေါ့ဗျာ
ှုကိုကြီး ၀င်းဖေကို ညီတွေက အကူအညီတော့တောင်းပြီး အကိုကြီး နေကောင်းလားလို့တောင် နှုတ်မဆက်ဘူးဆိုတော့ အတော်ဆိုးတဲ့ ညီတွေပဲနော် ... အဲဒါ ဘယ်သူတွေလဲဗျာ ကျွန်တော့ အကိုကြီးကို မလေးမစားနဲ့ နောက်တခါဆို ကျွန်တော်နဲ့ တွေ့သွားမယ်လို့ နော် ကိုကြီးဝင်းဖေ အဟီး
ဒါနဲ့ ကျွန်တော်တို့ရဲ့ ကျွဲခေါင်းကြီးကလဲ တစ်စခန်းထနေပါလား
ဘယ်နှယ့်ဗျာ မကြီးမငယ်နဲ့ သူများအတင်းထိုင်တုပ်နေတာ ရှက်ဘူးလား
အနော်ကတော့ ရှက်တယ်ဗျာ .... အဟဲ (စတာနော်)
ပြီးတော့ ....
ဘာတဲ့ မယားသူငယ်ချင်းစကားလုံးထွင်မယ်ဆိုပဲ စိတ်ဝင်စားတယ်ဗျ
ဘယ်လိုမျိုးလဲဟင် သိချင်လို့ ရှင်းပြပါဦး
နောက် အွန်လိုင်းပေါ်မှာ အတွဲချောင်းမယ်ဆိုပဲ ......
အဲဒီကျရင် အနော့ကိုလဲ ခေါ်ပါဦးနော် အနော်လဲ ချောင်းချင်လို့ ဟဲ ဟဲ
Post a Comment
BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။
ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။
ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။
ကျေးဇူးတင်လေးစားစွာဖြင့်
BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)