B Brothers ညီအကိုများအားလုံး....မင်္ဂင်္လာပါဗျာ..
အားလုံးကိုတောင်းပန်တယ်လို့ အရင်ပြောချင်ပါတယ်..ဒီဘလော့ထဲကိုဝင်မယ် ၀င်မယ်နဲ့ ၀င်ချင်တာကြာပါပြီ။
ကျွန်တော့်အဖြစ် ကမြင်ရက်နဲ့မကြင်ရဘူး ဆိုသလိုပေါ့။ဒီဘလော့ကို ၀င်ပြီးညီ အကိုတွေတင်ထားတဲ့စာတွေကို
ဝင်ဝင်ပြီးဖတ်နေရပေမယ့်ပြန်မရေးနိုင်သေးဘူး...အဲဒီလိုနဲ့ကြာသွားတာပေါ့ဗျာ...ညီအကိုတို့..စိတ်မဆိုးကြေး
အကြောင်းကတော့..ကျွန်တော်ကမြန်မာလိုမရိုက်တတ်လို့ဗျ..ပြောရတာရှက်တယ်ဗျာ...ဟားဟား
ခုတော့ကျွန်တော်လည်း မြန်မာလိုရိုက်တတ်ပါပြီ..အင်ဖက်နတီ ပြန်လာပြီပေါ့ဗျာ...ညီအကိုတို့ရေ..ကြိုဆိုကြဦး
နော်..ကျွန်တော်က အားငယ်တတ်လို့..ဟားဟားဟားဟား
Saturday, January 31, 2009
ဘာရယ်မဟုတ်ပါဘူးပျင်းလို့ရေးလိုက်တာပါ
သယ်ချင်းတို့ ရေ အခု ကျနော် တို့ ကာလုဂါက ကျွဲနှစ်ကောင်တော့ စာမေးပွဲဖြေနေရတယ် ဗျာ။ကျွဲ ခေါင်းဆောင်ကြီးလည်းအတူတူပေါ့နော်။ဟားဟားဟား အခုကျနော်ပြောမဲ့ အကြောင်းအရာက ကျနော်တို့ MTUမှာ ကျောင်းတက်တုန်းက ကျနော်တို့ ငါးယောက်( ပစ်တိုင်းထောင်၊အမ်အမ်တီ၊အင်ဖက်နတီ၊ ကျွဲပေါက်နှင့် ချစ်သားလေး ရော်ရွက်ရင့်) မင်းဂွန်းကိုသွားတဲ့အကြောင်းလေးကိုရေးမလို့ပါ။ လိုတာများရှိရင်လည်းဖြည့်စွက်သွားကြပါညီအစ်ကိုတို့ရေ။ အဲလေ သူတို့က ကျနော်ထက်ငယ်တယ်ဆိုတော့ ညီတို့ရေ။ ခက်တော့ခက်တယ်ဗျ။ ကျနော်တို့ကလည်း ငါးယောက်ခင်တယ်သာပြောတာရယ် ဘယ်ခရီးမှ ပေါင်းပြီးမသွားဘူးဖူးရယ်။ အခုက ပထမဆုံးပေါ့ဗျာ။ စီစဉ်လိုက်တိုင်းပျက်သွားလို့ ဘယ်မှမသွားဖြစ်ကြဘူးလေ။ အင်းသူငယ်ချင်းတွေစုသွားတာဆိုတော့တော်တော်ပျော်စရာကောင်းတယ်ဗျ။ မနက်ခင်း ၅နာရီလောက်ထပြီး ကျောင်းကနေထွက်ကြတယ်ဗျ။ ယောက်ျားလေးတွေဆိုတော့လည်းသိတဲ့အတိုင်း ယောက်ျားလေးသဘာဝ ကောင်မလေးတွေတွေ့ရင်စကြနောက်ကြပေါ့ဗျာ။ ပျော်တော့ပျော်စရာဗျ။ စထွက်ကတည်းက ကားပေါ်မှာပါလာတဲ့ ကျနော် တို့ Mechanical ကွင်းကိုစသွားကြတယ်ဗျ။ ကောင်မလေးကလည်းခပ်တည်တည်ပဲ။ နောက်တော့လည်းသူကခပ်တည်တည်ဆိုတော့ကျနော်တို့ကလည်း ခပ်ဖြီးဖြီးပေါ့ဗျာ။ ရုပ်တွေက ခပ်ပြောင်ပြောင်တွေရယ်။ အဲလိုနဲ့ပဲ ဧရာဝတီမြစ်ဆိပ်ကိုရောက်တော့ လှေစီးကြတာပေါ့နော်။ ပျော်စရာကောင်းလိုက်တာဗျာ။ လေကောင်းလေသန့်လည်းရမြင်ကွင်းကလည်းသိပ်ကောင်းဗျာ။ အဲကံဆိုးတာက တစ်ယောက်မှ ကင်မရာမပါဘူးလေ။ မှတ်တမ်းတင်စရာ ကင်မရာလေးတစ်လုံးတောင်မရှိတဲက ငမွဲ ငါးကောင်ပေါ့ဗျာ။ ဒီလိုနဲ့ပဲ ဦးနှောက်နဲ့မျက်စိနဲ့ပဲ မှတ်သားကြတာပေါ့ဗျာ။ မှတ်ဥာဏ်တွေကလည်းငယ်တုန်းဆိုတော့အကောင်းသားဗျ။ ဘာမှလည်းမမှတ်မိဘူး ဟားဟားဟား။ တကယ်ဗျာ ခင်ဗျားတို့လည်းမင်းကွန်းကိုရောက်ဖူးစေချင်တယ်ဗျာ။ တကယ်ရှေးမြန်မာလက်ရာတွေ အဲဒီမှာ ကြည့်လို့ရတယ်ဗျ။ အဓိကပြောချင်တာက မင်းကွန်းခေါင်းလောင်းကြီးအကြောင်းပေါ့ဗျာ။ သူက ကမ္ဘာပေါ်မှာတတိယအကြီးဆုံးတဲ့။ သူရဲ့ အလေးချိန်က မင်းဖြူဖြူမှန်မှန်ပြောတဲ့ (၅၅၅၅၅)ပိဿာပေါ့ဗျာ။ တကယ်အံ့သြစရာကောင်းတယ်ဗျာရှေးလူတွေတော်ပုံများ ။ ပထမတော့ သူတို့ကိုကျနော် အထင်သေးမိသေးတယ်" ဘာဖြစ်လို့ ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်အောင်မလုပ်ခဲ့တာလဲလို့" သူတို့ကိုအပြစ်တင်မိသေးတယ်။ အဲပြောဖို့မေ့ကျန်ခဲ့တယ်ဗျာ။ ပထမနဲ့ဒုတိယက ရုရှားမှာတဲ့ ။ ဟုတ်တယ်ဗျ။ ကျနော်လည်းဆရာမပြလို့ ကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးကိုမြင်ဖူးတယ်။တွေ့ဖူးတယ်ပြောတာမဟုတ်ဘူးနော်။ သူ က တခြမ်းပဲ့နေတယ်ဗျ။ ပြီးတော့တီးလို့လဲမရဘူးလေ ။ ကျနော်တို့ မင်းကွန်းခေါင်းလောင်းကတီးလို့ရတယ်ဗျ။အဲဒါကိုကျနော်ကအဓိကပြောချင်တာ။ရုရှတွေက သူတို့ဟာဆိုရင်အကောင်းဆုံး။ သူတို့ပဲ အထင်ကြိးကြလို့ပါ။ ကျနော်တို့မြန်မာနိုင်ငံကိုခေါ်ပြီးမင်းကွန်းခေါင်းလောင်းကြီးကိုပြလိုက်ချင်တယ်ဗျာ။ ဒါမှမှတ်မှာရယ်။ အင်းဗျာ ပြောချင်တာက ညီအစ်ကိုတွေသွားတာကိုပြောချင်တာ တော်တော်ပျော်စရာကောင်းတယ်ဗျ။ နောက်ကိုကံကြုံရင် အတူတူသွားချင်သေးတယ်ဗျာ။ ဖြစ်လာနိုင်မလားတော့မသိပါဘူးဗျာ။ အဲဒီမှာလှည်းနဲ့သွားလို့လည်းရတယ်ဗျ။ ပြီးတော့ မင်းကွန်းပုထိုးတော်ကြိးပေါ်ကနေ ဧရာဝတီမြစ်ရဲ့ အလှကို ကြည့်လို့ရတယ်ဗျ။ တအားလှတဲ့ရှုခင်းပေါ့ဗျာ။ နောက်ကြုံရင်တော့ မိန်းမနဲ့သားသမီးတွေကိုခေါ်ပြီးသွားချင်သေးတယ်ဗျာ။မိန်းမနဲ့ကလေးတွေကဘယ်မှန်းမသိဘူး ဟားဟားဟား။တော်ပြီဗျာ ညီအစ်ကိုတို့ရေ ရုရှားကပြန်ရင်မင်းကွန်းကိုတစ်ခေါက်လောက်သွားကြဦးစို့လားဗျာ။
Thursday, January 29, 2009
ကျနော်လည်းရေးစရာမရှိလို့ရေးလိုက်ဦးမယ်နော်။ ကျနော်တို့ MTUမှာ ကျောင်းတက်ကြတဲ့ အကြောင်းလေးပေါ့ဗျာ။ ကျနော်တို့ဆိုတာအဓိက ကတော့ ကျနော်တို့အငယ်ငါးယောက်ပေါ့ဗျာ။ ကျနောတို့ တောင်တက်တဲ့ အကြောင်းလေးပေါ့နော်။ တစ်နေ့ပေါ့ ကျနော်တို့ PT( အဲဒီတုန်းက ကျောင်းမှာမနက်တိုင်းထပြေးရတယ်ဗျာ) ပြေးကြတယ်ဗျ။ အင်းPT ဆိုလို့ ဟဲဟဲဟဲ ကျနော်တို့ရေသာခိုခဲ့တာတွေကိုပြောချင်သေးတယ်ဗျာ။ ကြော်ငြာပေါ့ဗျာ။ ကျနော်တို့က ညတိုင်းညတိုင်းနောက်ကျမှအိပ်တာကိုးဗျ။ အဲဒီတော့ မနက်ကျတော့ဘယ်ထချင်တော့မလဲဗျာ။ အဲဒီတော့PT ဆရာလာနှိုးတော အိမ်သာထဲဝင်ပုန်းနေကြတာပေါ့နော် အဟီး။ အိမ်သာတက်သလိုဘာလိုနဲ့ပေါ့ဆရာလည်းလိုက်မစစ်ဘူးဗျ။ အဲတခြားသူတွေလမ်းတ၀က်လောက်ရောက်မှ ဖြတ်လမ်းက လိုက်ပြီးတော့ Roll-call ပေးလိုက်တယ်။ အဲဒီလိုပဲကျနော်တို့က သိပ်ပြီးတော့အကျင့်ကောင်းကြတာလေ။ အင်းဗျာ ပြောရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိတော့ဘူး။ အော် ဟုတ်ပြီ ကျနော်တို့ တောင်တက်တဲ့အကြောင်းလေး ပေါ့။ PT ပြီးတော့ တောင်တက်ကြတယ်မယ်လုပ်တယ်။ အငယ်တွေငါးယောက်ပေါ့နော်။ ကျနော်တို့လည်းစတက်ကျရောပေါ့ တောင်ကတော့ ကျနော်တို့ကျောင်းရဲ့ အရှေ့ဘက်က ရှမ်းရိုးမ တောင်တန်း ထဲက တောင်ကုန်းလေးတစ်ခုပေါ့နော်။ အဲဒီတောင်ပေါ်မှာ ဘုရားလေးတစ်ဆူရှိတယ်ဗျ။ အဲဒီဘုရားကိုသွားပြီကန်တော့မှာပေါ့နော် ။ ရူးတာပေါ့ဗျာ။ လုပ်စရာမရှိလို့ပေါ့နော်။ စာကြတော့မကြည့်ဘူး။ ကျနော်တို့လည်းစတက်ကြရော ပြဿနာကစပါရော။ တကယ်ကိုကြီးမယ်တယ်ဗျ။ ကျနော်တို့ထဲက အင်ဖက်နတီလေ ဗျာ။ တောင်ကမြင့်လို့မတက်ချင်ပါဘူးလုပ်ပါရော။ နောက်တစ်ယောက်ကလည်း " ဟေ့ကောင်တွေငါတို့အတန်းရှိသးတယ်" လို့ပြောတယ်သူကတော့ ဘောက်ကြီးပါပေါ့ ။ ဟိုနယ်သားအမ်အမ်တီကတော့ဘာမှမပြောဘူး။ ပြောသာပြောရတာသူလည်းသိပ်တက်ချင်ပုံမပေါ်တော့ဘူးဗျ။ အဲ ဒီမှာ ကျနော်ကအကြီးဆုံးဆိုတော့ သတ္တိပြရတာပေါ့နော်(အဟီး ...တကယ်တော့ကျနော်လည်းကြောက်တယ်ဗျ)။ သူတို့ကိုရွဲ့ချင်တဲ့စိတ်ကြောင့်တက်မယ်ကွာလို့ပြောလိုက်တယ်။ ဟိုကျန်တဲ့ ကျနော်တို့ရဲ့ချစ်သားလေးကတော့ ကျနော်ပြောတဲ့ အတိုင်းပေါ့ နော် ( ဖေဖေကြီးသဘောပါတဲ့ သားကဖေဖေစကားဆိုနားထောင်ပြီးသားပါတဲ့) ပြောတယ်။ ဆောရီး သားကြီးရော်ရွက်ရင့်ရေ။ အဲဒါနဲ့ မဲနှိုက်ကြတာပေါ့နော်။အမ်အမ်တီ ကစိတ်ကမဆုံးဖြတ်ရသေးတော့ ကျနော်တို့ တက်ချင်တဲ့ဖက်က နိုင်တာပေါ့နော်အဲဒါနဲ့ စတက်ကြရောပေါ့ဗျာ။ အဲပြောဖို့မေ့နေတယ်ဗျ။ အခုနဆုံးဖြတ်တာက တောင်ခြေမှာလေ ။ အဲဒီလိုစတက်ကြတော့ မယ်သီလရှင်တစ်ပါးနဲ့စတွေ့တယ်ဗျ.သူကပြောတယ်။ ဒီပေါ်ကိုတက်ရင်မဆဲရဘူး၊အ၀တ်အစားအနီမ၀တ်ရဘူး၊ ကျနော်တို့ကလည်း ဘောင်းဘီနီတွေနဲ့ပေါ့နော်
အင်းလေ လူကြိးစကားဆိုတော့နားထောင်လိုက်ပါတယ်။ ကျနော်ကအကြီးဆုံးဆိုတော့လာကွာတက်ကြမယ်လို့လေ ဟားဟား။ တက်ကြတာပဲ တက်တော့လည်းတောင်ကမှားတက်နေတာလေ ။သိတဲ့အတိုင်းပဲ စကားပုံတောင်ရှိတယ်လေ။မြင်တော့အနီးလေ ။ သွားတော့ခရီးဝေးဆိုတာလေ ။ ဟားဟားဟားသိတဲ့အတိုင့်းပဲ မှားတာလဲ ပေါ်ရောက်မှတောင်မှားမှန်းသိကြတာလေ ။ကျနော်တို့တက်ချင်တဲတောင်က ဟိုဘက်မှာ အခုတက်နေတာက သူ့ရဲ့ရှေ့က တောင်လေ ။ ဒီလိုနဲ့ပဲ ကျနော် တို့ တက်ချင်တဲ့ တောင်ကိုမတက်ပဲပြန်လာကြရတယ်လေ။ ကျောင်းချိန်ကလည်း ရှိသေးတာကိုး။
ဘာမှတော့မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အတွေ့အကြုံလေးကိုရေးပြတာပါနော်။

ဘ၀မှာဘာအရေးကြီးဆုံးလဲ?
ဘ၀မှာဘာအရေးကြီးဆုံးလဲ?
ကျနော်တို့ B Brother's -MTU မှညီအစ်ကိုတို့ရေ အခုကျနော်ပစ်တိုင်းထောင်မေးချင်တာက ဘ၀မှာအရေးကြီးဆုံးကဘာလဲ တဲ့။ ညီအစ်ကိုတို့ရောသိကြလားမသိဘူး။ လူတိုင်းကတော့ ကိုယ့်ဘ၀မှာ အရေးကြီးဆုံးဆိုတာရှိကြမှာပဲနော်။ တစ်ဦးတစ်ဦးတော့ဘယ်တူမလဲနော်။ ကျနော်ကတော့ ဘ၀မှာ အရေးကြီးဆုံးက ငွေလိုပဲပြောချင်တယ်ဗျာ။ ညီအစ်ကိုတို့ဘက်ကလည်းငြင်းနိုင်ပါတယ်နော်။ ဒါကလည်းကိုယ့်အမြင်နဲ့ သူ့အမြင်ဘယ်တူမလဲ။ အခုကျနော်တို့ ရုရှဘာသာသင်နေရတယ်ဗျာ။ အဲဒီမှာဆိုက်ကိုသဘောအရ ဒီမေးခွန်းတွေပါလာတယ်။ ဘ၀မှာအရေးကြီးဆုံးက အလုပ်တဲ့။ တခြားတစ်ခုက ဘ၀မှာ ကျန်းမာရေးတဲ့။နောက်တစ်ခုကတော့ ငွေတဲ့။ ကျနော်ကတော့ ငွေလို့ပဲ ဖြေလိုက်တယ်ဗျာ။ဘာလို့တဲ့လဲပြန်မေးတယ်။ ကနော်ကလည်းပြန်ဖြေလိုက်ပါတယ်။ ငွေရှိရင်ကျန်တာတွေလိုက်လုပ်နိုင်တယ်။ဘယ်အရာမဆို(အားလုံးတော့မဆိုလိုပါဘူး) ငွေနဲ့ယူလို့ရတယ်လို့ဖြေလိုက်တယ်ဗျာ။ ကျနော်ရဲ့အဖြေကမှန်သလားမှားသလားမသိဘူးဗျာ။အင်းဗျာကျန်တာလည်းအရေးကြီးတာတွေရှိမှာပေါ့နော်။ မိသားစု၊အချစ်၊ နောင်အိမ်ထောင်ပြုတဲ့အခါ မိန်းမ၊သားသမီးဆွေမျိုး ၊သူငယ်ချင်းဒါတွေဟာသူ့ဟာနဲ့သူတော့အရေးကြိးနေတာပဲလေ နော်။အင်းဗျာဘာပဲဖြစ်ဖြစ်နောင်အသက်ကြီးလာလို့ ကျနော်တို့ရဲ့ကျွဲကိုကြိးပြောသလို ကိုယ့်မိသားစုနဲ့ ခြံဝန်းလေးထဲမှာ သီးပင်စားပင်လေးတွေစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေသွားချင်တယ်ဗျာ။ အဲဒီအခါကြရင်တော့ရင်တော့ ကျနော်ရဲ့ "ဘ၀မှာအရေးကြီးဆုံးဆိုတာက ငွေ" ဟုတ်ချင်မှဟုတ်တော့မှာဗျ။ ကဲဗျာ ညီအစ်ကိုတို့လည်းညီအစ်ကိုတို့ရဲ့ ဘ၀မှာအရေးကြီးဆုံးကိုပြောပြကြပါဥိးနော်။

Saturday, January 24, 2009
မွေးနေမှာ ပျော်ရွင်ပါစေ
မင်ကလာပါဗျာ
ကျွန်တော်တိုမတွေတာကြာပြီနော်
B Brothers တွေကိုသတိကအမြဲရပါတယ်ဗျာ
မအားတာကြောင့်မ၀င်ဖြစ်တာပါ
ဒီနေ့တော့မ၀င်လို့မရဘူးလေဗျာ ဟုတ်ဘူးလားဗျာ ...အားလုံးလဲ သိပြီဖြစ်မှာ၂၅.၁.၂၀၀၉ ရက်နေ့ဟာ ကျွန်တော် ကျွဲညီနောင်တွေထဲက အငယ်ဆုံးသားလေး အထူးသဖြင့်တော့ ကျွန်တော်အမ်အမ်တီရဲ့သားလေးဖြစ်တဲ့သားချောလေးအဲမှားလို့ သားပေါ်လေးကိုရော်ရွက်ရင့်ရဲ့ မွေးနေဖြစ်ပါတယ်။။။ကဲ့ သားကြီး - ဘောက်ကလေး - သံမဏ-ီ ကို dog ထက်နေ-ကိုရော်ရွက်ရင် ဒီနေ့ဒီရက်ကစပြီး ဘ၀မှာလိုအင်ဆန္ဒတွေအားလုံးပြည်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
ချစ်သူနဲလဲအသက်ထက်ဆုံးပေါင်းဖတ်နိုင်ပါစေလို့ မင်းရဲ့ပါပါ အိမ်အိမ်တီက ဆုတောင်းပေးလိုက်ပါတယ်ဗျာ
*****သားကြီး ပျော်ရွင်ပါစေ*****

Sunday, January 18, 2009
ပြင်စည်ဆောင် လပြည့်ည တခုနဲ့ .....
အင်း ခုတလော အားနေလို့ ရေးလိုက်တာပါဗျာ
တချိန်က အမှတ်တရလေးပေါ့ ဟဲ ဟဲ
ကျွန်တော် ဒုတိယနှစ်တုန်းက အဖြစ်အပျက်လေးပါ ...
သီတင်းကျွတ်လပြည့် တခုမှာပေါ့ ကျွဲညီနောင်တွေ ပြင်စည်ဆောင် ခေါင်မိုးပေါ်တက်ပြီး ပေါက်တတ်ကရ အရယ်အနောက်လေးတွေ ပြောနေရင်း ကျွဲတကောင်ပေါ့ဗျာ သူ့ကောင်မလေးရှိတဲ့ အဆောင်သွားဖို့ မြှူဆွယ်တာနဲ့ ဘာရယ် မဟုတ်ဘူး အမကြီးတွေ နေတဲ့ အဆောင်ကို ထွက်လာခဲ့တာပေါ့
နာမည်တော့ အပြောတော့ပါဘူးဗျာ အဟီး (ပြောလိုက်ရင် သူစိတ်ဆိုးမှာကြောက်လို့)
အင်း မထွက်ခင်က အခန်းထဲမှာ အနော်က သက်စေ့ ဖယောင်းတိုင်းမီး ပူဇော်ထားတာ
အပြင်သွားမယ်ဆိုတော့ မြှူဆွယ်တဲ့သူက ညှိမ်းခဲ့ဖို့ ပြောပါတယ် ဒါပေမယ့် ဘာမှ မဖြစ်လောက်ပါဘူးဆိုပြီး
ဒီအတိုင်းထားလို့ အခန်းတံခါးသော့ခတ်ပြီး ထွက်လာတာပေါ့ဗျာ (လိုက်ရင် မုန်းစားရမှာဆိုတော့ အဟဲ)
အမကြီးတွေ အဆောင်ရှေ့လဲရောက်ရော အဲဒီကျွဲက သူပြောခဲ့သလို မုန့်တောင်းပေးပါတယ်
ဒါပေမယ့် ကံဆိုးချင်တော့ အနော်ရှိနေတဲ့ နေရာနားမှာ ပြင်စည်ဆောင်က အခန်းတခန်း မီးလောင်တယ်လို့
ပြောသံကြားမိတာပဲဗျာ နာမည်က ထက်အောင်ဆိုလားပဲတဲ့ အဲဒီမှာ အနော့နာမည်နဲ့တော့ ဆင်ပါတယ်ပေါ့
ဒါပေမယ့် မဟုတ်လောက်ဘူးဆိုပြီး သွေးအေးနေတာ နောက်မှ အခန်းနံပါတ်ပြောသံလဲကြားရော .....
ကဲ အဲဒီမှာ သိလိုက်တော့တာပဲဗျို့ မီးလောင်တာ အခြားသူအခန်းမဟုတ်ပဲ အနော်နေတဲ့ အခန်းဖြစ်နေတာလေ
ဒါပေမယ့် ညှိမ်းပြီးသွားပြီဆိုတော့ အနော်လဲ မစိုးရိမ်တော့ပဲ မုန့်များစားရမလားဆိုပြီး စောင့်နေတာပေါ့
သို့သော်လည်း ... ကျန်တဲ့ ကျွဲတွေက သူတို့ ဝေစုပိုရအောင် အနော့ကို အတင်းပြန်ခိုင်းတော့တာပဲဗျာ ...
ဒါနဲ့ အနော်လဲ မပြန်ချင်ပဲ ပြန်ခဲ့ရတော့တာပေါ့ဗျာ
အခန်းထဲလဲ ရောက်ရော ငါအစက စာကြည့်စားပွဲပေါ်မှာ ရေပုံးတင်ပြီး ဖယောင်းတိုင်ထွန်းခဲ့တာပါပေါ့ ခု ရေပုံးက မရှိတော့ပါလား အပြင်များရှိမလားဆိုပြီး ရှာကြည့်ပါသေးတယ် ဒါပေမယ့် မတွေ့ဘူးဗျ
ဘယ်တွေ့မလဲ ရေပုံးက အရည်ပျော်သွားပြီလေ ကံကောင်းတာက ကျောင်းစာအုပ်တွေ ပါမသွားလို့ မီးထဲ အင်း ဘယ်တတ်နိုင်မလဲ ဖြစ်ပြီးတာလဲ ဖြစ်ပြီးသွားပြီပဲလေ
ရှင်းစရာ ရှိတာလေးတွေ ရှင်းပြီး ကျွဲတွေ မုန့်တဖြဲ နှစ်ဖြဲ စားနေတဲ့နေရာကို ပြန်လိုက်တာပေါ့ ......
ဒါပေမယ့်ဗျာ ကျွဲတွေများချစ်စရာကောင်းလိုက်တာ အနော့ဖို့ နဲနဲလေးတောင် ချန်မထားဘူး အကုန်စားပစ်တယ် အင်းလေ သူတို့လဲ ငတ်နေလို့ စားတာပဲလို့ အကောင်းဘက်က တွေးလိုက်ပါတယ်
အဟီး စတာနော် ညီနောင်တို့ ....... စိတ်ဆိုးရဘူး ဟဲ ဟဲ
ဘာပဲ ပြောပြောဗျာ အနော့မှာတော့ ဖွတ်မရ ဓားမဆုံး ဖြစ်သွားတော့တာပါပဲ
အင်း အဆိုးထဲက အကောင်းတခုတော့ ရလိုက်ပါတယ် ဘာလဲဆိုတော့ အရင်က ကြည့်မရတဲ့ ကျွဲတကောင်နဲ့ အဲဒီနောက်နေ့ကစပြီး အတော်ကို ခင်သွားလို့ပါပဲ (သားကြီးရေ ကျေးဇူးပါပဲကွာ ......)
ခုတော့ ပြင်စည်ဆောင်ကြီးလဲ မိန်းကလေးတွေ အုပ်စိုးသွားပြီဗျာ နာမည်တောင် မန်းသဇင်ဆိုလားပဲ
လွမ်းမိပါတယ် ပြင်စည်ဆောင်ရယ် တချိန်က အမိတက္ကသိုလ်မှ ကျွဲညီနောင်တွေနဲ့ အတူပေါ့ .....................
(PS: - အနော့ အခန်းကို မီးညှိမ်းပေးတဲ့ မိုးနတ်မင်းကြီးကိုလဲ ကျေးဇူးပါပဲဗျာ၊ မိုးနတ်မင်းဆိုလို့ တမျိုးတော့ မထင်ပါနဲ့ အဲဒီ အကိုရဲ့နာမည်ကို ကာရန်လိုက်ရွတ်ကြည့်လိုက်ရင် မိုးနတ်မင်းလို့ ထွက်လို့ပါ အဟီး ...)

Saturday, January 17, 2009
ချစ်ခြင်းဖွဲ့ စာ
ချစ်ခြင်းဖွဲ့သီတဲ့ စာတစ်စောင်ကို ရေးဖွဲ့ပြချင်လာတယ်။ ကောင်မလေးတစ်ယောက်ကို စွဲလမ်းမိတဲ့ အဖြစ်အပျက်တစ်ခုလေးပါ။ သူ့ ကိုမြင်နေရရင် ပျော်နေတယ်ဗျာ။ ကောင်မလေးကို ဖွင့်ပြောရမှာလည်း ကြောက်နေတယ်ဗျာ တကယ့်ချစ်ခြင်းများလား သေချာအောင်မေးပါဦး ကိုယ်နှလုံးသားကို ပြန်မေးကြည့်မိတယ် ဟုတ်ပါ့မလားလို့ အဖြေက လည်း ရေရေရာရာ တော့မရှိဘူးဗျာ ဝေေ၀၀ါးဝါးပါပဲ ဟိုလိုလေဗျာ အရင်က မချစ်ဖူးလို့ တစ်ယောက်မှ မချစ်ဖူးလို့ အရူးအမူးဖြစ်နေတာမျိုးလားဆိုတော့လည်း ဟုတ်သလိုလိုပဲဗျ ရှုပ်တောင်ရှုပ်သွားပြီဗျနော် အရင်က မချစ်ဖူးဘူးလားဆိုတော့ ချစ်ဖူးပါတယ် ဒါပေမယ့် အဲလိုလူပျိုပေါက်အရွယ်အချစ်တွေလား ဆိုတော့ လည်း ဟုတ်ဟန်မတူပါဘူး တခဏတာတွေ့လိုက်လို့ စိတ်ကစားတဲ့ပုံစံများလားဆိုတော့လည်း ကိုယ်ကိုကိုယ်ပြန်တွက်ကြည့်လိုက်တော့ အင်း ဆယ်ကျော်သက်လည်း မဟုတ်တော့ဘူးဗျနော် သူ့ကို တွေ့ရင်ရရင်တော့ စိတ်ချမ်းသာသလိုပဲဗျ သူ့ကို အခြားတစ်ယောက်နဲ့ တွဲတာမြင်ရင်လည်း ခံစားမှုလေးက တမျိုးလေးဗျ။ တန်ဖိုးထားတဲ့ ပစ္စည်းလေးတစ်ခု အနာတရ ဖြစ်သွားသလို ရင်ထဲမှာ နည်းနည်းနာတယ် မကြည့်ချင်ဘူးဗျာ ဒီဇာတ်လမ်းလေးကို ပြန်ပြောပြရဦးမယ်ဗျာ
မနေ့ တနေ့ကလို အမြဲ ဆန်းသစ်နေလားဆိုတော့လည်း မဟုတ်ဖူး။ ဒါပေမယ့် ငယ်ငယ်တုန်းက ပါဝါရိန်းဂျားကြည့်တုန်းက ခံစားမှုမျိုးတော့ ရှိနေဆဲပဲ နားရှုပ်သွားပြန်ပြီ ငယ်တုန်းက ပါဝါရိန်းဂျား ကြည့်ရရင် အရမ်းပျော်တာပဲ ဒါပေမယ့် အမြဲတမ်းသတိရနေသလိုတော့ မဟုတ်ဖူးလေ တခါတရံ ရင်တွေခုန်မိနေတာမျိုးပေါ့ သူ့ကို စတွေ့တော့ ကျောင်းခန်းထဲမှာပဲ မြင်လိုက်ရတဲ့အချိန်မှာ တော့ ရုပ်ရှင်တွေထဲကလို နောက်ခံတီးလုံးတော့ မပါဘူး ခပ်တည်တည်ကြီးပဲရယ် စာသင်ခန်းထဲ တွေ့လိုက်ရတော့ ဒီကောင်မလေး တမျိုးပဲ ဆိုတာလေးကို ခံစားရတယ် ဒါပေမယ့် ဘာရယ်မှ မဖြစ်လာပါဘူး ဒီလိုနဲ့ စာသင်နှစ်တစ်နှစ်ကုန်လာတယ် သူ့ရဲ့ အသံလေးတွေ အပြုအမူလေးတွေ နားထောင်မိ ကြားယောက်မိ မြင်ယောင်ဆဲနဲ့ ဘာရယ်မှ မဖြစ်လာပါဘူး ဒီလိုနဲ့ကျောင်းပြီး ကာနီး အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် သူနဲ့ ကျွန်တော် တူတူတွဲပြီး အလုပ်တစ်ခု ကို လုပ်ကြတယ်ဗျာ ကျွန်တော်က ကူညီသူအဖြစ်နဲ့ သူ့ကို ကူညီပေးရတယ်လေ တငြိမ့်ငြိမ့်လေးနဲ့ ရင်ခွင်ထဲ ကိုနွေးနွေးလေး လာလာတိုးတယ် သူ့ အပြုအမူတွေက ဒါတွေက ဘာဖြစ်လို့ပါလိမ့် အင်း............ ကျွန်တော်ကိုယ်တိုင်က ပဲ ခံစားတတ်လွယ်သူများလား ကောင်မလေးကတော့ သိရဲ့လားဝေခွဲမရပါဘူးဗျာ မိန်းကလေးရဲ့ မွေးရာပါ အသိဥာဏ်အရများ ခံစားမိနေနိုင်မလား။ သိနေနိုင်မလားဗျာ ကျွန်တော်က တော့ သူ့ကို မြင်နေရတဲ့အချိန်တွေဆိုရင် စိတ်ချမ်းမြေ့နေရောပဲဗျာ......တွေ့နေရရင်ကို ကြည်နူးနေမိတာ ဘယ်လိုပြောပြရမလဲ ဗျာ ကိုယ်ဖန်တီးထားတဲ့ အရာတစ်ခုကို ကြည့်မ၀ဖြစ်နေတဲ့ ပန်းချီဆရာ တစ်ယောက်လိုများလား သူနဲ့ကိုယ် လမ်းမှာတွေ့လို့ သူကများ နုတ်ဆက်လိုက်ရင် တစ်နေ့လုံးပျော်နေတာပဲ နည်းနည်းများသိသာနေမလား ကြာရင် နည်းနည်းတော့ ကျန်းမာရေးများ ထိခိုက်နေမလား သူ့မျက်နှာပေါ်က အပြုံးတချက် ကျွန်တော့် တစ်ရက်တော့ မြူးတူးစေတာပါပဲ ဒီလိုသာ ဆက်တိုက်ဆိုရင် ကျွန်တော် နေနိုင်ပါ့မလား ဒီလိုနဲ့ ပဲ နေလာခဲ့တဲ့ တစ်နေ့ ပြီးတစ်နေ့ အရိပ်တကြည့်ကြည့်နဲ့ပဲ ကောင်မလေးကို စောင့်ကြည့်ရင်းနဲ့သာ မြင်သာတဲ့နေရာက မသိမသာကြည့်ရင်းနဲ့ စိတ်ကူးနဲ့ ရူးနေခဲ့ရတာပါပဲ တစ်နေ့မှာတော့ သူ့ကိုမြင်လိုက်ရတယ်ဗျာ ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရတယ်ဗျာ ကောင်လေးတစ်ယောက်နဲ့ တွဲသွားတွဲလာနေတယ်ဗျာ ဖွင့်မပြောရဲတော့ ကိုယ့်ရဲ့ ပန်းကလေးတပွင့် သူများက ခူးချွေသွားပြီပေါ့ဗျာ ကောင်မလေး သိအောင်တော့ ခံစားရသမျှကို ပြောပြချင်ပါတယ် သူကြားနိုင်ပါ့မလား တခါတရံ သူနဲ့တွေ့တိုင်း နုတ်ဆက်ပြုံးပြ တာလေးတွေကို မျှော်လင့်ခဲ့တာ ရူးသွပ်မိုက်မဲမှု တစ်ခုလား သူရဲ့ အပြုံးတွေကို ပိုင်ဆိုင်ခွင့်ရချင်ခဲ့ တာ အိပ်မက်တစ်ခု လေလား....................

Friday, January 16, 2009
ရုရှားနဲ့ ကျွန်တော်
ဘာရယ်တော့ မဟုတ်ဘူး ရေးဖို့ စဉ်းစားထားတာတော့ ကြာပြီ
ခုမှ စာမေးပွဲကလဲ ပြီးသွားတော့ လွတ်လွတ်လပ်လပ် ၀င်ကဲလို့ ရသွားတာနဲ့ ရေးလိုက်တာပါ
ကျွန်တော်က လူကသာ ဘာမှ မဟုတ်တာ ရည်မှန်းချက်ကလဲ မရှိဘူးဗျ အဟီး
ပြီးတော့နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူးဗျ
ခုတော့ ဘာမှန်းမသိပဲ ရုရှားမှာ ပညာလာသင်နေရပြီ
ခက်တာက သူတို့ကလဲ သူတို့ဘာသာစကားမှ သူတို့ ဘာသာစကားဆိုတော့ .....
ခုကျွန်တော် ရုရှားဘာသာစကားကို သင်နေရတယ်ဗျာ
အဲဒီမှာ ဇာတ်လမ်းက စတော့တာပဲ
ဒီမှာ အမှတ်ပေးတဲ့ စည်းမျဉ်းက ၂မှတ်၊ ၃မှတ၊် ၄မှတ်၊ ၅မှတ် ဆိုပြီး ပေးတာ
၂မှတ်ဆိုရင်တော့ ကျတာပေါ့နော်
ပြီးတော့ ဒီမှာက အိုင်ပီက အရမ်းစကားပြောတယ် ကျောင်းသားအပေါ် ဆရာက အိုင်ပီ ရှိသွားပြီဆိုရင် ....
ကျွန်တော်ကတော့ အိုင်ပီရတဲ့ အထဲပါဘူးဗျ
အဲဒီတော့ စာမေးပွဲတွေမှာ အမှား သိပ်လုပ်လို့ မရဘူးပေါ့
ပြီးတော့ ကို့နိုင်ငံမှာတုန်းကဆိုရင် ဘယ်အပိုင်းကြည့်ရင်တော့ အောင်မှတ်ရပြီ ဘယ်လောက်ဖိုးရပြီ ဆိုပြီး အပိုင်တွက်လို့ရတယ်၊ ဒါပေမယ့် ဒီမှာတော့ မရတော့ .......
တခါကတော့ ဒီမှာ သွားတာလာတာနဲ့ ပတ်သက်တဲ့ ကြိယာ အသုံးကို စာမေးပွဲဖြေရတယ်ဗျာ
ပထမ အကြိမ်ဖြေတာ တခန်းလုံးကို ဆရာမက အားမရလို့ နောက်တကြိမ်ပြန်ဖြေခိုင်းတယ်
အဲဒီမှာ အားလုံးနီးပါး အနဲနဲ့အများတော့ key to answer ကြည့်ကြတာပဲ၊ ဒါပေမယ့် စာစစ်ပြီး ပြန်ပြောတဲ့ အခါမှာ အိုင်ပီ ရှိပြီးသား သူတွေကြတော့ ပြန်မဖြေရပဲ အိုင်ပီမရှိတဲ့ ကျွန်တော်တို့မှာတော့ နောက်တကြိမ် ထပ်ဖြေရမယ်ဆိုပဲ၊ တကယ်တော့ဗျာ ကျွန်တော်လဲ နဲနဲပဲ ကြည့်တာပါ၊ အဲဒီတော့ အမှားတွေ ပါဦးမှာပဲ ဆိုတာ
ကျွန်တော်သိတယ် ဒါပေမယ့် ပြန်ဖြေရမယ်ဆိုတော့ ရင်ထဲမှာ အတော် စိတ်မကောင်းဖြစ်သွားတယ်၊ အကုန်မှန်နေရင်တော့ မယုံလို့ ပြန်ဖြေခိုင်းတာဆို ခံသာသေးတယ်ဗျာ ခုတော့ ....

Tuesday, January 13, 2009
နှစ်သစ်ဆုံးဖြတ်ချက်
ဟိုလူပေါ့ သူက နှစ်သစ်မှာ ဘာလုပ်မှာလဲ ဆိုပြီးရေးကြပါဆိုတော့ .......... အင်း ကျွန်တော်ကလည်း ကျောင်းဆရာ ဆိုတော့ စာသင်ရမယ်လို့ပြောရမှာပဲ ဗျ။ အင်း အရင် ကလည်း စာသင်တာ အခု လည်း.. အင်း စာပဲသင်ဦးမှာပါပဲ။ ဆိုင်လား မဆိုင်လားတော့ မသိဘူးဗျာ ပြောပါဦးမယ် သူငယ်ချင်းတွေကြားမှာ ပေါ်ပြူလာဖြစ်နေတဲ့ စကားက "ဟေ့ မိုက်လို့ ကျောင်းဆရာလုပ်နေတာ ကွ မမိုက်ရင် အပြင်ထွက်ပြီး စီးပွားရှာမှာပေါ့ " ဆိုပဲ နောက် ပြောကြပါသေးတယ် ဒီစကားတစ်ခွန်း ပိုပြီးဆိုးတယ်။ ဒီခေတ်မှာ ကျောင်းဆရာ တွေက အမိုက်ဆုံး သူ့ ထက်မိုက်တာ သူ့ကို ယူရဲတဲ့မိန်းမပဲ ရှိတယ်တဲ့ဗျ။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ ဒီအတိုင်းဆိုရင် ကိုဝင်းဖေ ကြီးတော့ မိန်းမရနိုင်ဘူးထင်ပါရဲ့ နော့။ ကျောင်းဆရာ လုပ်မယ့် ညီအကိုများ ဆင်ခြင်နိုင်အောင်ပေါ့။ ဟိဟိ။ နောက် ကျောင်းဆရာမျိုးဆက်သစ်များ စာသင်ချင်စိတ်တွေများ ကုန်ခန်းသွားမလား မသိပါဘူး။ အဲလိုကြီးလဲ မဟုတ်ရပါဘူးဗျာ။ ကျွန်တော့် အမြင် အရ ပြောရမယ်ဆိုရင် ကျောင်းဆရာဆိုတာ အားသာချက်တွေများကြီးရှိတယ်ဗျ။ သေချာတာကတော့ ကျောင်းသူကျောင်းသားများကို ပညာရပ်တွေကို တတ်မြောက်ပါစေဆိုတဲ့ စေတနာကြောင့် ကုသိုလ်ရမှာ သေချာတယ်ဗျာ။ အင်း အဲဒီကုသိုလ်ကြီး က ချက်စားလို့ မရပါဘူးဗျာလို့တော့ မပြောပါနဲ့နော့။ ကုသိုလ်ဆိုတာ ဒီဘ၀မှာရော နောင်သံသရာမှာပါ အသုံးဝင်မှာပါ။ စကားတင်းတင်းဆိုရရင် ကျောင်းဆရာ ဟာ ဆရာဝန်ထက် ပိုပြီးတော့ စမတ်ကျပါသေးတယ်ဗျ။ ဥပမာ ဗျာ ကျောင်းကို လာတဲ့ကျောင်းသားကျောင်းသူတိုင်းဟာ သန့်သန့်ရှင်းရှင်း ကျန်းကျန်းမာမာတွေသာလျှင် လာကြတာကိုးဗျ။ ဆရာဝန်ဆီ လာတဲ့သူတွေက တော့ ရောဂါသည်တွေပဲ ဖြစ်မှာပေါ့။ နောက်ပြီး ဆရာဝန်တွေက ပိုက်ဆံများများဝင်ပါစေလို့ ဆုတောင်းလို့လဲ မကောင်းဘူးကိုးဗျ။ ဆုတောင်းရင် လူတွေဖျားပါစေ နာပါစေလို့ ဆုတောင်းတာနဲ့တူတူပဲလေ။ ကျွန်တော်တို့ ကျောင်းဆရာများက တော့ ကျူရှင်များများရပါစေ ဆုတောင်းဦးတော့ ကျောင်းသားကျောင်းသူများကို ဖျားပါစေနာပါစေလို့ ဆုတောင်းတာမဟုတ်ပဲ ကလေးပညာတတ်ပါစေ မိဘတွေ ချမ်းသာကြပါစေလို့ ပဲ ရည်ရွယ်ကြတာမဟုတ်လားဗျ။
သေချာတာကတော့ ကျွန်တော် စာသင်နေဦးမှာပါပဲ။ စာသင်ဖို့အတွက် လေ့လာနေရဦးမှာပါပဲ။ သုတေသန တွေလည်းလုပ်နေရဦးမှာပါပဲ။ ဒီနှစ်မှာတော့ ကိုယ့်အတွက်မဟုတ်ပဲ သူများတွေအတွက်ရှင်သန်နေရဦးမှာပါ။ နိုင်ငံ တာဝန်ကို အတတ်နိုင်ဆုံးထမ်းဆောင်ပေးနေဦးမှာပါ။ နိုင်ငံတော်တည်ဆောက်ရေးမှာ လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေမွေးထုတ်တဲ့နေရာမှာ ပါချင်သေးတယ်ဗျာ။ ကျောင်းဆရာ ဆိုတာ လူ့ စွမ်းအားအရင်းအမြစ်ကို ဖော်ထုတ်ရမှာ အရေးအကြီးဆုံးနေရာမှာ ရှိတယ်လို့ ယူဆတယ်ထားပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာ အရင်းအမြစ် နှစ်မျိုးရှိပါတယ် လို့ သိထားပါတယ်။ renewable resource နဲ့ nonrenewable resource ပါ။ အဖိုးတန် သယံဇာတ များဆိုတာ ကမ္ဘာတည်သရွေ့ ရှိနေမှာမဟုတ်ပါ။ လူသားအရင်းအမြစ်သာလျှင် လူတွေရှိနေသမျှကာလပါတ်လုံးရှိနေမှာပါ။ ဒီလိုလူသားအရင်းအမြစ်တွေကို မွေးထုတ်ရာမှာ ပါဝင်နိုင်တဲ့ ကျောင်းဆရာ ဘ၀သည် ဂုဏ်ယူစရာ ဖြစ်ကြောင်း ..........ကျောင်းဆရာ အလုပ်ကိုလုပ်မှာဖြစ်တဲ့အတွက် teacher life ကို အမွှန်းတင်ဖော်ပြခြင်းဖြစ်ပါတယ်။ အင်း ပြောသာပြောတာ ကျွန်တော့် ထက်မိုက်တဲ့သူပေါ်မလာသေးလို့ ရှိလာရင် ဒီလိုတောင် ရဲရဲအော်နိုင်ပါ့မလား.....

အွန်လိုင်းပေါ်က အချစ်
ခေါင်းစဉ်ကို ဘာရေးလို့ရေးရမှန်းမသိပါဘူးဗျာ။ ကျွန်တော့် ညီတွေပေါ့။ သူတို့အကြောင်းအွန်လိုင်းမှာ အတင်းတုတ်ပါဦးမယ်။ ကျွန်တော်က လူက သာဘာမှ မဟုတ်တာ။ တပည့်လေးတွေက ရှိသေးတယ်ဗျ။ တပည့် ဆိုတာ တပည့် မိန်းကလေးက များတာကိုးဗျ။ အေးပေါ့လေ ကျောင်းဆရာ ဆိုတော့ လည်း ကျောင်းသူကျောင်းသားတပည့်တွေရှိမှာပေါ့ နော့။ အဲဒီမှာဗျာ အိုင်တီခေတ်ဆိုတော့ လဲ ........... ပြောပါဦးမယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့ ကျွန်တော့် ညီတော်မောင်တွေပါ။ ဘယ်လိုက နေ ဘယ်လိုလဲတော့ မသိပါဘူးဗျာ။ ကျွန်တော့် တပည့် ကောင်မလေးတွေနဲ့ အွန်လိုင်းမှာ ဇာတ်လမ်းလေးတွေ ဖြစ်ပါလေရောဗျ။ မြန်မှာ မြန် ဒီဘက်က ဆရာ အဖြစ်နဲ့ ရော ဟိုဖက် က အကို အဖြစ်နဲ့ ပါ မသိလိုက်ဖူး။ သိလိုက်တော့ သူတို့ က အဆင်တွေကိုပြေလို့။ ညီတွေခမျာ ရှိစုမဲ့စု နဲ့ ဖုန်းဆက်ရ စာသင်တာ မအားတဲ့ ကြားက ကျောင်းစာတဖက်နဲ့ ချတ်တင် ပြောရနဲ့ တော်တော်လေးကို သနားစရာကောင်းနေပါတယ်။ ကျွန်တော်ကလည်း သိတဲ့အတိုင်း မြှောက်ပေးပါတယ်။ နှစ်ဖက်လုံးကို အညီအမျှပါပဲ ဟဲဟဲ။ ကျွန်တော့် ညီတွေများ ချစ်စရာကောင်းချက်။ အမြဲအွန်လိုင်းမှာ တွေ့ ရင် အကို နေကောင်းလား တခါမှ မေးဘူး။ အကို သူ့ကို မနက်ဖြန်ကျွန်တော် အတန်းရှိလို့ ဒီနေ့ တွေ့ရင်ပြောပေးပါ။ နောက်ညီတော်မောင်တစ်ယောက်က အကို သူ့ကို ဂရုစိုက်လိုက်ပါဦး။ ပြန်ပြောလိုက်ပါတယ် ငါ့တပည့်တွေက မင်းတို့ ပြောမှ ငါက ဂရုစိုက်ရမှာလား ငါ့တပည့် တွေအရင်ကတည်းက ဂရုစိုက်ပြီးသား လို့။ ကိုယ်က အကြီးဆိုတော့ ဟောက်လွှတ်လိုက်တယ် ဘာရမလဲ။ ဒါတွေကို အရင်ကတော့ မပြောဘူးလို့ပါပဲ။ နံမည်တော့ မပြောတော့ပါဘူး သိချင်နေလား။ ဒါပေမယ့် ကျွန်တော်က လည်း နာမည် တစ်လုံးနဲ့နေတာဗျ။ အကြောင်းအရာ တစ်ခုကို စပီကာနဲ့ အော်ပြောတာက အကန့်အသတ်ရှိသေးတယ်။ ကျွန်တော့်သိသွား တာက ပိုကြောက်ရတယ်တဲ့ ဗျ။ လူစုံမှ ရှင်းပြတာတို့ (ကျောင်းဆရာ ၀သီလေ) အွန်လိုင်းက ဘလော့ မှာ တင်ရေးတာတို့ (အိုင်တီ သမားကိုး) ဒီလောက်ပဲလုပ်တာပါ။ တချို့ဆိုရင် အွန်လိုင်းကနေ သီချင်းဆိုပြခိုင်းတာ ဆိုမပြလို့ ကွန်နက်ရှင်ချက်ချင်းဖြတ်မယ် ဆိုပြီး ချိန်းခြောက်ခြင်းကို ခံရသဗျ။... အဲဒါတွေကို မပြော တော့ ပါဘူးဗျာ...
ကြေးကြီးစားကျွန်
ကြောက်စိတ်နဲ့ လိုအပ်ဆန္ဒကို မထိန်းချုပ်နိုင် သရွေ့ကတော့ ကြေးကြီးစား ကျွန်ဖြစ်နေဦးမှာပါပဲ။ကြောက်စိတ်နဲ့ လိုအပ်ဆန္ဒကို မထိန်းချုပ်နိုင် သရွေ့ကတော့ ကြေးကြီးစား ကျွန်ဖြစ်နေဦးမှာပါပဲ။ကြောက်စိတ်နဲ့ လိုအင်ဆန္ဒဆိုတာ ဘာကိုများပြောတာပါလိမ့်။ လူတွေဟာ ပိုက်ဆံမရှိမှာ ကြောက်တဲ့စိတ် အလုပ်မတည်မြဲမှာ ကြောက်တဲ့စိတ် ရှိပြီးသားငွေတွေ ဆုံးရှုံးမှာ ကြောက်တဲ့စိတ်တွေကြောင့် ၀င်ငွေရဲ့တဲ့ အလုပ် လခစားအလုပ်ကို လုပ်နေကြပါတယ်တဲ့။ နောက်ပြီးတော့ လူတွေမှာ ၀င်ငွေတိုးလာရင် လိုအင်ဆန္ဒတိုးလာတတ်တာ ဖြစ်တတ်တဲ့ သဘာဝ တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ငွေမရှိမှာ ကြောက်လို့ ငွေရအောင် အလုပ်လုပ်တယ် ငွေပိုရတော့ လိုအင်ဆန္ဒတိုးလာပါတယ်။ ၀င်ငွေတိုးရင် ဘာလုပ်မလဲ ကားကောင်းကောင်းဝယ်စီးမယ်လေ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လေ။ ပျော်ပွဲစားတွေထွက်မယ်လေ။ အဲဒီတော့ ကျွန်တော်တို့ဟာ လိုအင်ဆန္ဒတွေမထိန်းချုပ်နိုင်သရွေ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၀င်ငွေတိုးတဲ့အတွက် အသုံးစရိတ်တိုးလာမှာပါပဲ။ ဒီလိုနဲ့ ဒုံရင်းဒုံရင်း ဘ၀နဲ့ ပဲ နေရမှာလား? ဒီလိုနေမယ့် အစား ကြောက်စိတ်နဲ့ လိုအင်ဆန္ဒတွေကို ချုပ်ထိန်းနိုင်တယ်ဆိုရင်..........
Thursday, January 8, 2009
MTU ရဲ့ တချိန်က ကျွဲမနဲ့ ကျွန်တော် ....
ဘာရယ်တော့ ဟုတ်ဘူးဗျ
အတိတ်ကို လွမ်းလို့
ကလေးဆန်ခဲ့ပြီး ခုချိန်မှာ ရီစရာဖြစ်သွားတဲ့ ကျွန်တော်နဲ့ ကျွဲတစ်ကောင်ရဲ့ ရူးသွပ်မှုလေးပါ
လွန်ခဲ့တဲ့ ၂၀၀၃ ရဲ့ တနေ့ပေါ့ဗျာ ကျွန်တော်နဲ့ ကျွဲတကောင် မာနတွေ ပြိုင်ခဲ့တာ
ဘယ်သူနိုင်ခဲ့လဲတော့ မမေးကြနဲ့ပေါ့နော် ...
အဖြစ်အပျက်လေးက ဒီလိုဗျ အဟိ ...
ကျွန်တော် က စစ်တုရင် ကစားတာ အတော် ၀ါသနာကြီးတယ်လေ အဲဒီတုန်းကပေါ့
ကျွန်တော် အကို တစ်ယောက်နဲ့ အဲဒီ ကျွဲရဲ့ ခုတင်ပေါ်မှာ စစ်တုရင် ကစားနေတာ ပွဲရှိန်ကလဲ ကောင်းနေတယ့် အချိန် ကျွန်တော်တို့ကို ဖယ်ပေးဖို့ လာပြောတာ ... ဒီကလဲ ပွဲရှိန်ကောင်းနေတော့ ပြီးအောင် ကစားချင်တာပေါ့
ဒါပေမယ့် ....
အင်းလေ သူ့ဘက်က စဉ်းစားကြည့်တော့လဲ မှန်ပါတယ်
အိပ်ချင်လို့ ဖယ်ခိုင်းတာပဲလေ
အဲဒါကို အလိုက်မသိတဲ့ ကျွန်တော်ကလဲ စိတ်ဆိုးပြီး ဖယ်ပေးလိုက်မိတာ ...
နောက်နေ့ မနက်လဲ ရောက်ရောဗျာ အဲဒီကျွဲက အနော့ကို စကားပြောတော့ဘူးဗျ ...
ခက်တာက ကျွန်တော်ကလဲ လူသာသေးတာ စနေသား စိတ်ကြီးတယ်ဆိုတော့ ခပ်ပြတ်ပြတ်ပဲပေါ့
သူတောင် နေနိုင်တာ ကိုလဲ နေနိုင်ရမှာပေါ့ဆိုတဲ့ စိတ်နဲ့ နေခဲ့တာပေါ့ဗျာ ....
ဒါနဲ့ အဲဒီကျွဲနဲ့ ကျွန်တော် မျက်နှာချင်းဆိုင်မိရင် အရင် မြင်တဲ့သူက စရှောင်တာပေါ့ ဟဲ ဟဲ
အဲလို လုပ်ရပြီဆိုရင် ဘာရယ်ကြောင့်တော့ သိဘူး ကျွန်တော် အတော်ကို ရီချင်တာ ...
ဒါပေမယ့် သူ့ရှေ့မှာလဲ မရီရဲဘူး
ဘယ် ရီရဲမလဲ သူက ကျွဲဆိုတော့ အဟီး ကြောက်တာပေါ့ ...
ဒီိလိုနဲ့ နေလာလိုက်တာ ......
တနေ့ ကျွဲဖြစ်ချင်ပေမယ့် ဖြစ်ခွင့်မရတဲ့ သူငယ်ချင်း တယောက်မွေးနေ့မှာ အခင်ဆုံးသူငယ်ချင်းတွေနဲ့ အတူ အမှတ်တရ ဓာတ်ပုံရိုက်ချင်တယ်ဆိုတော့ ၃ လလောက် စကားမပြောပဲ စိတ်ကောက်နေတဲ့ အဲဒီကျွဲက ဘာစိတ်ကူးပေါက်သွားတယ် မသိဘူး ကျွန်တော့ကို လာခေါ်တယ်ဗျာ ...
အဲဒီ အချိန်မှာ ကျွန်တော်တွေးမိတယ် တကယ်လို့ သူသာ စမပြောခဲ့ဘူးဆိုရင် <..............>
အရင်က ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်ထိတော့ ကျွန်တော်တို့က အရမ်းခင်ကြတဲ့ ကျွဲညီနောင်တွေပါပဲဗျာ ...
သတိရတယ် ကျွဲမရေ ......
မင်းနဲ့ငါ နောက်ထပ် အဲလိုမျိုးအဖြစ် ဖြစ်လာမယ် မထင်တော့ဘူးနော်
တကယ်လို့ MTU မှာ မင်းနဲ့ငါ ပြန်ဆုံကြဦးမယ် ဆိုရင်တော့ ........ ဟဲ ဟဲ
P.S: <..............> ဆိုတာကိုတော့ ကိုယ့်ဘာသာပဲ တွေးကြည့်ကြပါတော့နော်

Friday, January 2, 2009
၂၀၀၉ နှစ်သစ်ဆုံးဖြတ်ချက်
၂၀၀၈ ကုန်တဲ့ည
ခုန်နေတဲ့ ရင်တစုံ နဲ့
ဖြစ်ကြောင်းအကုန် ပြန်တွေး
အမှန်ရေးကြည့်တော့……..
ငါ့ဘ၀…ကို
မလှတလှနဲ့ ဖြတ်ခဲ့မိတယ် ဆိုတာ
ငါ့ကိုယ်ငါ …၀န်ခံမိတယ်..။
လား…………လား…………….
မဟာတန်ခိုးရှိတဲ့ အချိန်တွေကို
ဒီလိုဟိုလို နဲ့ ဖြုန်းမိခဲ့ပါ့လား။
နှစ်သစ်ကို ရောက်ဖို့ တည်းတည်းလေးလို
ကဲကဲပိုပိုလေး ကိုယ်စိတ်ကိုဆွဲဆန့်
မနည်းတန့်ခဲ့ရတယ်
နှစ်ဟောင်းက အကျင့်တွေကို။
နှစ်သစ် ဆုံးဖြတ်ချက်အတွက်
သုံးသပ်ခဲ့တော့
မြေကြီးလို ခန္တီရဖို့
ဥာဏ်မီသလိုတွေးဟဲ့….တဲ့။
Attach, Detach
Accept, Reject ကို
စက္ကန့်မလှပ် စွဲမှတ်ဖို့
ငါတို့ အရှင်
အထင်ကရတစ်ပါးက
အမြင်ပြသွားခဲ့တယ်။
ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။
မြေကြီးဟာ
အနံ့ဆိုးဆိုး
မစင်သိုးသိုးတွေပဲ ဖြစ်ဖြစ်
ရနံ့သင်းမွှေး
ပန်းကလေးတွေပဲ ဖြစ်ဖြစ်
အရှိကို အရှိအတိုင်း
လက်ခံထားတတ်သလို။
နံလို့ detach ဖြစ်လို့
Reject မလုပ်သလို
မွှေးလို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
ဘာအတွက်မှ မခံစားရတဲ့
အဖြစ်အပျက်ကို အဖြစ်အပျက် လို့
ရှုတတ်တဲ့ စိတ်ကလေး……
ဒါမှမဟုတ် ခန္တီဆိုတဲ့ သည်းခံခြင်းလေး….။
ရေဟာ
စိတ်၊ရုပ်ကြမ်းတမ်းတဲ့
လူသရမ်းတွေ ချိုးချိုး
စိတ်၊ရုပ် ပျော့ပျောင်းတဲ့
လူကောင်းတွေ ချိုးချိုး
သူ့အအေးဓါတ်ကို
အတူတူပက်ဖျန်းပေးနိုင်သလို။
ဆိုးတဲ့ လူမို့ detach ဖြစ်လို့
Reject မလုပ်သလို
ကောင်းတဲ့ သူမို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
အားလုံးအတွက်
တူညီတဲ့ မေတ္တာဓါတ်ကလေး…..။
ခန္တီ နဲ့ မေတ္တာ တရား
အများဆုံး လွှမ်းခြုံနိုင်အောင်
စွမ်းကုန်ပြုလို့
ရိုးကုတ်တော့မည့်
၂၀၀၉ ဆီ။
Subscribe to:
Comments (Atom)