ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Friday, December 26, 2008

သစ်ရွက်လေးရဲ့ ဝေဒနာစုတ်ချက်

လေယူရာတိမ်း ယိမ်းရငါ့တွက်
ပျော်စရာရက်များ ဖြတ်သန်းသွားတာ
အိပ်မက်လေလား တကယ်လားလေ!

တွေးရင်းငေးရင်း စဉ်းစားနေစဉ်
လေရူးတချက်ဝေ့လိုက်မှပဲ သိလိုက်ရပြီ
နွေဦးဘက်တောင် ရောက်နေပြီလေ...

ဒီချိန်မှာပဲ
နွေကန္တာလယ် အလွမ်းသယ်လို့
ကြေကွဲတေးကို သီဆိုရှာတဲ့
ဖော်ကွဲငှက်ငယ် ဥသြရယ်...
ငါ့ဘ၀လဲ မင်းလိုပဲလေ
ပင်ယံထက်မှာ ရှိနေငြားလည်း
တရွက်ထဲပဲ အဖော်ကွဲလို့
ရင့်ရော်နေပြီ ကြွေတော့မည်...

ရော်ရွက်ရင့်

1 comment:

Thein Min Htike said...

ရော်ရွက်ရင့်

ဘ၀အဓိပ္ပာယ် ဖွင့်ဆိုချက်လား.........။

ခံစားရပါတယ်ဗျာ။

ဘာပဲပြောပြော ပြဿဒါးဘုရားနားက ထနောင်းပင်အောက်က စခဲ့တဲ့ မဖြူ နဲ့ ကိုရော်ရွက်ရင့်တို့ ရဲ့ အချစ်ဇာတ်လမ်းကနေ ဒီနာမည်လေး ရတယ် လို့ထင်ပါတယ်။

ဥသြငှက်ကလေးလည်း ခုဆို ပြဿဒါးဘုရားနားမှာ နွေရောက်တိုင်း တွန်နေဆဲ ဖြစ်မှာပါ။

ခံစားချက် နဲ့ ရော်ရွက်ရင့် ဆိုတဲ့ နာမည် က တကယ် ဟပ်ပါတယ်ဗျာ......။

နည်းနည်းတော့ ခံစားချက်ကို လင်းပေးပါဦး။

ကောင်းတမန် (BBrothers)

Post a Comment

BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။

ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။

ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။

ကျေးဇူးတင်လေးစားစွာဖြင့်

BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)