Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Friday, January 2, 2009
၂၀၀၉ နှစ်သစ်ဆုံးဖြတ်ချက်
၂၀၀၈ ကုန်တဲ့ည
ခုန်နေတဲ့ ရင်တစုံ နဲ့
ဖြစ်ကြောင်းအကုန် ပြန်တွေး
အမှန်ရေးကြည့်တော့……..
ငါ့ဘ၀…ကို
မလှတလှနဲ့ ဖြတ်ခဲ့မိတယ် ဆိုတာ
ငါ့ကိုယ်ငါ …၀န်ခံမိတယ်..။
လား…………လား…………….
မဟာတန်ခိုးရှိတဲ့ အချိန်တွေကို
ဒီလိုဟိုလို နဲ့ ဖြုန်းမိခဲ့ပါ့လား။
နှစ်သစ်ကို ရောက်ဖို့ တည်းတည်းလေးလို
ကဲကဲပိုပိုလေး ကိုယ်စိတ်ကိုဆွဲဆန့်
မနည်းတန့်ခဲ့ရတယ်
နှစ်ဟောင်းက အကျင့်တွေကို။
နှစ်သစ် ဆုံးဖြတ်ချက်အတွက်
သုံးသပ်ခဲ့တော့
မြေကြီးလို ခန္တီရဖို့
ဥာဏ်မီသလိုတွေးဟဲ့….တဲ့။
Attach, Detach
Accept, Reject ကို
စက္ကန့်မလှပ် စွဲမှတ်ဖို့
ငါတို့ အရှင်
အထင်ကရတစ်ပါးက
အမြင်ပြသွားခဲ့တယ်။
ဒီလို နဲ့…
နှစ်သစ် အဓိဌာန်ကို
သတိပဌာန် လို သွင်း
မြှားတစင်းလို ခွင်းဖို့
အလင်းရခဲ့တော့တယ်။
မြေကြီးဟာ
အနံ့ဆိုးဆိုး
မစင်သိုးသိုးတွေပဲ ဖြစ်ဖြစ်
ရနံ့သင်းမွှေး
ပန်းကလေးတွေပဲ ဖြစ်ဖြစ်
အရှိကို အရှိအတိုင်း
လက်ခံထားတတ်သလို။
နံလို့ detach ဖြစ်လို့
Reject မလုပ်သလို
မွှေးလို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
ဘာအတွက်မှ မခံစားရတဲ့
အဖြစ်အပျက်ကို အဖြစ်အပျက် လို့
ရှုတတ်တဲ့ စိတ်ကလေး……
ဒါမှမဟုတ် ခန္တီဆိုတဲ့ သည်းခံခြင်းလေး….။
ရေဟာ
စိတ်၊ရုပ်ကြမ်းတမ်းတဲ့
လူသရမ်းတွေ ချိုးချိုး
စိတ်၊ရုပ် ပျော့ပျောင်းတဲ့
လူကောင်းတွေ ချိုးချိုး
သူ့အအေးဓါတ်ကို
အတူတူပက်ဖျန်းပေးနိုင်သလို။
ဆိုးတဲ့ လူမို့ detach ဖြစ်လို့
Reject မလုပ်သလို
ကောင်းတဲ့ သူမို့ attach ဖြစ်လို့
Accept လည်း မလုပ်တတ်သလို။
အားလုံးအတွက်
တူညီတဲ့ မေတ္တာဓါတ်ကလေး…..။
ခန္တီ နဲ့ မေတ္တာ တရား
အများဆုံး လွှမ်းခြုံနိုင်အောင်
စွမ်းကုန်ပြုလို့
ရိုးကုတ်တော့မည့်
၂၀၀၉ ဆီ။
Saturday, December 27, 2008
ဝမ်းနည်းခြင်းလက်ဆောင်(နောက်ဆုံးလက်ဆောင်)
မင်းအတွက်...
အနက်ရောင်နာရီလေး
ဓါတ်ခဲတော့မပါဘူး
အတိုအရှည်မညီတဲ့
နာရီလက်တံတွေက
ခြောက်နာရီတိတိမှာ
ထာဝစဉ်ရပ်တန့်နေတယ်။
ငါ့အတွက်....
ရနံ့မဲ့တဲ့စက္ကူပန်းလို
ကြိုပြီးမသိနိုင်တဲ့
အိပ်မက်တစ်မက်မက်ဖို့
ငြိမ့်ညောင်းသာယာတဲ့
တီလုံးလေးတွေနဲ့
မိုးလေးနည်းနည်းအုံ့ပြီး
အိပ်မက်ခွင့်ပြုပါ။။။။။။
(အမ်အမ်တီ)
အနက်ရောင်နာရီလေး
ဓါတ်ခဲတော့မပါဘူး
အတိုအရှည်မညီတဲ့
နာရီလက်တံတွေက
ခြောက်နာရီတိတိမှာ
ထာဝစဉ်ရပ်တန့်နေတယ်။
ငါ့အတွက်....
ရနံ့မဲ့တဲ့စက္ကူပန်းလို
ကြိုပြီးမသိနိုင်တဲ့
အိပ်မက်တစ်မက်မက်ဖို့
ငြိမ့်ညောင်းသာယာတဲ့
တီလုံးလေးတွေနဲ့
မိုးလေးနည်းနည်းအုံ့ပြီး
အိပ်မက်ခွင့်ပြုပါ။။။။။။
(အမ်အမ်တီ)
ပြာနှမ်းနှမ်းည
ညက အနီရောင်တောက်တောက်
မဟုတ်ဖူး.........
ညစ်ထေးထေးနိုင်တဲ့ည...
အချဉ်ဖောက်ခံထားရလို့ပဲလား
ကိုယ်ကိုယ်တိုင်ကချဉ်နေလို့လား
မသိနိုင်တဲ့ည....
ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့ည...
ဒါပေမယ့်..
ဒီညက
ရင်ခုန်သံတွေ ပုံစံတူကူးချထားတဲ့ညတော့မဟုတ်ဖူး
အာရုံတွေကတော့ အပျက်မဆန်ဆန်
ဖြစ်ပျက်နေတဲ့ည ...
ဒီလိုည က
ငါ့ဘ၀ ကို လွမ်းအောင်လည်းဖန်တီးမပေးဘူး
ချဉ်သိုးနေတဲ့ ည။
ဝင်းဖေ(အိုင်တီ)
မဟုတ်ဖူး.........
ညစ်ထေးထေးနိုင်တဲ့ည...
အချဉ်ဖောက်ခံထားရလို့ပဲလား
ကိုယ်ကိုယ်တိုင်ကချဉ်နေလို့လား
မသိနိုင်တဲ့ည....
ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့ည...
ဒါပေမယ့်..
ဒီညက
ရင်ခုန်သံတွေ ပုံစံတူကူးချထားတဲ့ညတော့မဟုတ်ဖူး
အာရုံတွေကတော့ အပျက်မဆန်ဆန်
ဖြစ်ပျက်နေတဲ့ည ...
ဒီလိုည က
ငါ့ဘ၀ ကို လွမ်းအောင်လည်းဖန်တီးမပေးဘူး
ချဉ်သိုးနေတဲ့ ည။
ဝင်းဖေ(အိုင်တီ)
Friday, December 26, 2008
သစ်ရွက်လေးရဲ့ ဝေဒနာစုတ်ချက်
လေယူရာတိမ်း ယိမ်းရငါ့တွက်
ပျော်စရာရက်များ ဖြတ်သန်းသွားတာ
အိပ်မက်လေလား တကယ်လားလေ!
တွေးရင်းငေးရင်း စဉ်းစားနေစဉ်
လေရူးတချက်ဝေ့လိုက်မှပဲ သိလိုက်ရပြီ
နွေဦးဘက်တောင် ရောက်နေပြီလေ...
ဒီချိန်မှာပဲ
နွေကန္တာလယ် အလွမ်းသယ်လို့
ကြေကွဲတေးကို သီဆိုရှာတဲ့
ဖော်ကွဲငှက်ငယ် ဥသြရယ်...
ငါ့ဘ၀လဲ မင်းလိုပဲလေ
ပင်ယံထက်မှာ ရှိနေငြားလည်း
တရွက်ထဲပဲ အဖော်ကွဲလို့
ရင့်ရော်နေပြီ ကြွေတော့မည်...
ရော်ရွက်ရင့်
ပျော်စရာရက်များ ဖြတ်သန်းသွားတာ
အိပ်မက်လေလား တကယ်လားလေ!
တွေးရင်းငေးရင်း စဉ်းစားနေစဉ်
လေရူးတချက်ဝေ့လိုက်မှပဲ သိလိုက်ရပြီ
နွေဦးဘက်တောင် ရောက်နေပြီလေ...
ဒီချိန်မှာပဲ
နွေကန္တာလယ် အလွမ်းသယ်လို့
ကြေကွဲတေးကို သီဆိုရှာတဲ့
ဖော်ကွဲငှက်ငယ် ဥသြရယ်...
ငါ့ဘ၀လဲ မင်းလိုပဲလေ
ပင်ယံထက်မှာ ရှိနေငြားလည်း
တရွက်ထဲပဲ အဖော်ကွဲလို့
ရင့်ရော်နေပြီ ကြွေတော့မည်...
ရော်ရွက်ရင့်
Subscribe to:
Posts (Atom)