ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Saturday, December 27, 2008

ပြာနှမ်းနှမ်းည

ညက အနီရောင်တောက်တောက်
မဟုတ်ဖူး.........
ညစ်ထေးထေးနိုင်တဲ့ည...
အချဉ်ဖောက်ခံထားရလို့ပဲလား
ကိုယ်ကိုယ်တိုင်ကချဉ်နေလို့လား
မသိနိုင်တဲ့ည....
ကိုယ့်ဇာတ်ကိုယ်မနိုင်တဲ့ည...
ဒါပေမယ့်..
ဒီညက
ရင်ခုန်သံတွေ ပုံစံတူကူးချထားတဲ့ညတော့မဟုတ်ဖူး
အာရုံတွေကတော့ အပျက်မဆန်ဆန်
ဖြစ်ပျက်နေတဲ့ည ...
ဒီလိုည က
ငါ့ဘ၀ ကို လွမ်းအောင်လည်းဖန်တီးမပေးဘူး
ချဉ်သိုးနေတဲ့ ည။

ဝင်းဖေ(အိုင်တီ)

2 comments:

ရော်ရွက်ရင့် said...

ကိုဝက်

ခင်ဗျားရဲ့ ကျွဲမိသားစုဝင် နာမည်မေ့သွားလို့ ၀က်လို့ ခေါ်လိုက်ရတာ စိတ်မကောင်းပါဘူးဗျာ
ကျွန်တော် မသိလို့ မေးပါရစေနော်
မေးလို့တော့ ရမယ်ထင်ပါတယ်
ဘယ်လို ညမျိုးကများ ခင်ဗျားအတွက် လွမ်းအောင်ဖန်တီးပေးနိုင်တာလဲဗျ
ကျွန်တော်လဲ လွမ်းကြည့်ချင်လို့ပါ ဟဲ ဟဲ ...
သေချာတာကတော့ ခင်ဗျားကိုယ်တိုင်ကပဲ ချဉ်နေတာဖြစ်မှာပါ

Thein Min Htike said...

ကိုဝက်


ကဗျာ အတိုင်းဆို

ချဉ်သိုးမနေတဲ့ညက မှ တကယ် လွမ်းအောင် ဖန်တီးပေးတဲ့ ညပေါ့..........။
အဲဒီညဆို အနီရောင်တွေလည်း တောက်နေမှာပါ........။ ဟုတ်လား.......။ ကိုယ်တိုင် ချဉ်နေရင် လည်း ပြင်ပေါ့။ ဟဲ...........ဟဲ........။ သူများ က အချဉ်ဖေါက်သွားတယ်ဆိုတာ သေချာ နားမလည်သေးဘူး။ ရေးရေးလေးတော့ သိသလိုပဲဗျ။

ကဗျာထဲက စကားလုံးတိုင်းမှာ အင်အား နဲ့ အဓိပ္ပါယ် ပါလွန်းအားကြီးနေတယ် ထင်တယ်။ သေချာ နားလည်အောင် အချိန်ယူပြီး တွေးပါ့ဦးမယ်။

Post a Comment

BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။

ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။

ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။

ကျေးဇူးတင်လေးစားစွာဖြင့်

BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)