ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Tuesday, January 13, 2009

ကြေးကြီးစားကျွန်

ကြောက်စိတ်နဲ့ လိုအပ်ဆန္ဒကို မထိန်းချုပ်နိုင် သရွေ့ကတော့ ကြေးကြီးစား ကျွန်ဖြစ်နေဦးမှာပါပဲ။ကြောက်စိတ်နဲ့ လိုအပ်ဆန္ဒကို မထိန်းချုပ်နိုင် သရွေ့ကတော့ ကြေးကြီးစား ကျွန်ဖြစ်နေဦးမှာပါပဲ။ကြောက်စိတ်နဲ့ လိုအင်ဆန္ဒဆိုတာ ဘာကိုများပြောတာပါလိမ့်။ လူတွေဟာ ပိုက်ဆံမရှိမှာ ကြောက်တဲ့စိတ် အလုပ်မတည်မြဲမှာ ကြောက်တဲ့စိတ် ရှိပြီးသားငွေတွေ ဆုံးရှုံးမှာ ကြောက်တဲ့စိတ်တွေကြောင့် ၀င်ငွေရဲ့တဲ့ အလုပ် လခစားအလုပ်ကို လုပ်နေကြပါတယ်တဲ့။ နောက်ပြီးတော့ လူတွေမှာ ၀င်ငွေတိုးလာရင် လိုအင်ဆန္ဒတိုးလာတတ်တာ ဖြစ်တတ်တဲ့ သဘာဝ တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ငွေမရှိမှာ ကြောက်လို့ ငွေရအောင် အလုပ်လုပ်တယ် ငွေပိုရတော့ လိုအင်ဆန္ဒတိုးလာပါတယ်။ ၀င်ငွေတိုးရင် ဘာလုပ်မလဲ ကားကောင်းကောင်းဝယ်စီးမယ်လေ။ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်လေ။ ပျော်ပွဲစားတွေထွက်မယ်လေ။ အဲဒီတော့ ကျွန်တော်တို့ဟာ လိုအင်ဆန္ဒတွေမထိန်းချုပ်နိုင်သရွေ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၀င်ငွေတိုးတဲ့အတွက် အသုံးစရိတ်တိုးလာမှာပါပဲ။ ဒီလိုနဲ့ ဒုံရင်းဒုံရင်း ဘ၀နဲ့ ပဲ နေရမှာလား? ဒီလိုနေမယ့် အစား ကြောက်စိတ်နဲ့ လိုအင်ဆန္ဒတွေကို ချုပ်ထိန်းနိုင်တယ်ဆိုရင်..........

1 comment:

ရော်ရွက်ရင့် said...

ကြေးကြီးစားကျွန် ဆိုပါလား

ဖတ်ကြည့်လိုက်တော့ လဲ စိတ်ဝင်စားစရာပဲဗျ
မှန်တယ်ဗျို့ ကြောက်စိတ်နဲ့ လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်သရွေ့ကတော့ အဲလိုဖြစ်နေမှာပဲ
တကယ့်ကို မှတ်သားသင့်တဲ့ အရာပါပဲ
ဒါပေမယ့် ကျွန်တော်ကတော့ ခုထိ ၀င်ငွေတိုးအောင် မလုပ်နိုင်တဲ့ အပြင်
လိုအင်ဆန္ဒကိုပါ မထိန်းချုပ်နိုင်သေးတော့ ..... အဟီး
အတတ်နိုင်ဆုံးတော့ လုပ်နိုင်အောင် ကျိုးစားရမှာပေါ့ဗျာ
လူပဲ လုပ်ရင် ဖြစ်ရမှာပေါ့နော်
ခု ကျွန်တော့အဖြစ်ကတော့ ငါ့ဘကြီး ပုံပြင်လို ဖြစ်နေမလားပဲ
တို့ ဘကြီးများ စိတ်ပါရင် လယ် ၁ ဧကကို တမနက်နဲ့ အပြီးထွန်နိုင်တယ်တဲ့ ဒါပေမယ့် သူသေသွားတဲ့ အထိ စိတ်ပါ မသွားရှာဘူးတဲ့ဗျာ ဟဲ ဟဲ ကျွန်တော်လဲ အဲလို ဖြစ်နေပြီလား မသိဘူး

Post a Comment

BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။

ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။

ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။

ကျေးဇူးတင်လေးစားစွာဖြင့်

BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)