ဟိုလူပေါ့ သူက နှစ်သစ်မှာ ဘာလုပ်မှာလဲ ဆိုပြီးရေးကြပါဆိုတော့ .......... အင်း ကျွန်တော်ကလည်း ကျောင်းဆရာ ဆိုတော့ စာသင်ရမယ်လို့ပြောရမှာပဲ ဗျ။ အင်း အရင် ကလည်း စာသင်တာ အခု လည်း.. အင်း စာပဲသင်ဦးမှာပါပဲ။ ဆိုင်လား မဆိုင်လားတော့ မသိဘူးဗျာ ပြောပါဦးမယ် သူငယ်ချင်းတွေကြားမှာ ပေါ်ပြူလာဖြစ်နေတဲ့ စကားက "ဟေ့ မိုက်လို့ ကျောင်းဆရာလုပ်နေတာ ကွ မမိုက်ရင် အပြင်ထွက်ပြီး စီးပွားရှာမှာပေါ့ " ဆိုပဲ နောက် ပြောကြပါသေးတယ် ဒီစကားတစ်ခွန်း ပိုပြီးဆိုးတယ်။ ဒီခေတ်မှာ ကျောင်းဆရာ တွေက အမိုက်ဆုံး သူ့ ထက်မိုက်တာ သူ့ကို ယူရဲတဲ့မိန်းမပဲ ရှိတယ်တဲ့ဗျ။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ။ ဒီအတိုင်းဆိုရင် ကိုဝင်းဖေ ကြီးတော့ မိန်းမရနိုင်ဘူးထင်ပါရဲ့ နော့။ ကျောင်းဆရာ လုပ်မယ့် ညီအကိုများ ဆင်ခြင်နိုင်အောင်ပေါ့။ ဟိဟိ။ နောက် ကျောင်းဆရာမျိုးဆက်သစ်များ စာသင်ချင်စိတ်တွေများ ကုန်ခန်းသွားမလား မသိပါဘူး။ အဲလိုကြီးလဲ မဟုတ်ရပါဘူးဗျာ။ ကျွန်တော့် အမြင် အရ ပြောရမယ်ဆိုရင် ကျောင်းဆရာဆိုတာ အားသာချက်တွေများကြီးရှိတယ်ဗျ။ သေချာတာကတော့ ကျောင်းသူကျောင်းသားများကို ပညာရပ်တွေကို တတ်မြောက်ပါစေဆိုတဲ့ စေတနာကြောင့် ကုသိုလ်ရမှာ သေချာတယ်ဗျာ။ အင်း အဲဒီကုသိုလ်ကြီး က ချက်စားလို့ မရပါဘူးဗျာလို့တော့ မပြောပါနဲ့နော့။ ကုသိုလ်ဆိုတာ ဒီဘ၀မှာရော နောင်သံသရာမှာပါ အသုံးဝင်မှာပါ။ စကားတင်းတင်းဆိုရရင် ကျောင်းဆရာ ဟာ ဆရာဝန်ထက် ပိုပြီးတော့ စမတ်ကျပါသေးတယ်ဗျ။ ဥပမာ ဗျာ ကျောင်းကို လာတဲ့ကျောင်းသားကျောင်းသူတိုင်းဟာ သန့်သန့်ရှင်းရှင်း ကျန်းကျန်းမာမာတွေသာလျှင် လာကြတာကိုးဗျ။ ဆရာဝန်ဆီ လာတဲ့သူတွေက တော့ ရောဂါသည်တွေပဲ ဖြစ်မှာပေါ့။ နောက်ပြီး ဆရာဝန်တွေက ပိုက်ဆံများများဝင်ပါစေလို့ ဆုတောင်းလို့လဲ မကောင်းဘူးကိုးဗျ။ ဆုတောင်းရင် လူတွေဖျားပါစေ နာပါစေလို့ ဆုတောင်းတာနဲ့တူတူပဲလေ။ ကျွန်တော်တို့ ကျောင်းဆရာများက တော့ ကျူရှင်များများရပါစေ ဆုတောင်းဦးတော့ ကျောင်းသားကျောင်းသူများကို ဖျားပါစေနာပါစေလို့ ဆုတောင်းတာမဟုတ်ပဲ ကလေးပညာတတ်ပါစေ မိဘတွေ ချမ်းသာကြပါစေလို့ ပဲ ရည်ရွယ်ကြတာမဟုတ်လားဗျ။
သေချာတာကတော့ ကျွန်တော် စာသင်နေဦးမှာပါပဲ။ စာသင်ဖို့အတွက် လေ့လာနေရဦးမှာပါပဲ။ သုတေသန တွေလည်းလုပ်နေရဦးမှာပါပဲ။ ဒီနှစ်မှာတော့ ကိုယ့်အတွက်မဟုတ်ပဲ သူများတွေအတွက်ရှင်သန်နေရဦးမှာပါ။ နိုင်ငံ တာဝန်ကို အတတ်နိုင်ဆုံးထမ်းဆောင်ပေးနေဦးမှာပါ။ နိုင်ငံတော်တည်ဆောက်ရေးမှာ လိုအပ်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေမွေးထုတ်တဲ့နေရာမှာ ပါချင်သေးတယ်ဗျာ။ ကျောင်းဆရာ ဆိုတာ လူ့ စွမ်းအားအရင်းအမြစ်ကို ဖော်ထုတ်ရမှာ အရေးအကြီးဆုံးနေရာမှာ ရှိတယ်လို့ ယူဆတယ်ထားပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာ အရင်းအမြစ် နှစ်မျိုးရှိပါတယ် လို့ သိထားပါတယ်။ renewable resource နဲ့ nonrenewable resource ပါ။ အဖိုးတန် သယံဇာတ များဆိုတာ ကမ္ဘာတည်သရွေ့ ရှိနေမှာမဟုတ်ပါ။ လူသားအရင်းအမြစ်သာလျှင် လူတွေရှိနေသမျှကာလပါတ်လုံးရှိနေမှာပါ။ ဒီလိုလူသားအရင်းအမြစ်တွေကို မွေးထုတ်ရာမှာ ပါဝင်နိုင်တဲ့ ကျောင်းဆရာ ဘ၀သည် ဂုဏ်ယူစရာ ဖြစ်ကြောင်း ..........ကျောင်းဆရာ အလုပ်ကိုလုပ်မှာဖြစ်တဲ့အတွက် teacher life ကို အမွှန်းတင်ဖော်ပြခြင်းဖြစ်ပါတယ်။ အင်း ပြောသာပြောတာ ကျွန်တော့် ထက်မိုက်တဲ့သူပေါ်မလာသေးလို့ ရှိလာရင် ဒီလိုတောင် ရဲရဲအော်နိုင်ပါ့မလား.....
Tuesday, January 13, 2009
Subscribe to:
Post Comments (Atom)
2 comments:
ကိုဝင်းဖေကြီး.........
ကြံဖန်ပြီး ပျော်နေအောင် တွေးနော်.........။
ဒါမှမဟုတ်.............
မိုက်လို့ ဆရာလုပ်တာ မဟုတ်ပဲ ဆရာလုပ်လို့ မိုက်တာတွေ၊ ဘာတွေ ဖြစ်နေဦးမယ်။
ဘာပဲ ဖြစ်ဖြစ် ကိုဝင်းဖေကြီး ကျူရှင်များများ ရပါစေ လို့ ဆုတောင်းပေးမယ်။
ဟား........ဟား။ စတာပါဗျာ.....။ ကျူပ်တို့ ကိုဝင်းဖေ ဘာဆရာလဲ ဆိုတာ သိပါတယ်။
တိုင်းပြည်အတွက် တကယ် အားထားရတဲ့ ဆရာမွန် တယောက်ဖြစ်ပြီး ပညာတွေလည်း တိုးတက်၊ ဖြန့်ဝေ၊ သုတေသန တွေလက် ဆက်လုပ်ပြီး စစ်မှန်တဲ့ Human resources ထဲမှာ ကိုဝင်းဖေကြီး ပျော်ရွှင်စွာ ပါဝင်နိုင်ပါစေဗျာ။
ဪ .... ကျောင်း ဆရာ ကျောင်းဆရာ
အရာရာမှာ အကြောင်း အရာ နဲ့
ဒါကြောင့်လည်း ကျောင်း ဆရာ ဖြစ်နေ တယ် ထင် ပ ....
စိတ်မကောင်း လိုက် တာ ....
ကျားလိုက်လို့ ပြေး ရင်း သူများ ခွေး ဆွဲ တာ ကို လိုက် ချောက်ပေး နေ တုန်း .....
ခွေး ချောက်ပေး တာ က အရေး မကြီး ဘူး ............ ခွေး နဲ့ ကျား ၀ိုင်း ဆွဲ မှ ဟုတ်ပေ့ ဖြစ်နေ ဦး မယ် ... သတိထား ......
သူငယ်ချင်း ရေ ....
ငါ လည်း ဆက်ပြေး လိုက် ဦး မယ် ....
Post a Comment
BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။
ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။
ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။
ကျေးဇူးတင်လေးစားစွာဖြင့်
BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)