ဟိုး......တချိန်တုန်းက ကြွေလွင့်နေတဲ့ ရော်ရွက်ရင့်၊ မအုံတအုံနေတတ်တဲ့ အမ်အမ်တီ၊ အမြဲတမ်း အရယ်နှောနေတတ်တဲ့ ပစ်တိုင်းထောင်၊ ရုပ်တည်နဲ့ လုပ်စားတတ်တဲ့ အင်ဖက်နတီ၊ ကောင်းသတင်းတွေ ယူလာတတ်တဲ့ ကောင်းတမန် နဲ့ ဖြစ်ကတတ်ဆန်း နေတတ်တဲ့ ၀င်းဖေ (အိုင်တီ) တို့ အမ်တီယူမြေမှာ ညီအကို ဖွဲ့ခဲ့ဖူးတယ်။ သူတို့ဟာ..... သူတို့ အမ်တီယူမြေက ညီအကို ဘ၀ကို ဒီနေရာမှာ လာသိမ်းထားပြီး တခါတရံ ပြန်ဖွင့်ကြည့်တတ်ကြတယ်။ ဒါဟာပဲ BBrothers ရဲ့ ဘ၀ပါဗျာ။

BBrothers နဲ့ သူငယ်ချင်းများ

Thursday, January 8, 2009

MTU ရဲ့ တချိန်က ကျွဲမနဲ့ ကျွန်တော် ....

ဘာရယ်တော့ ဟုတ်ဘူးဗျ
အတိတ်ကို လွမ်းလို့
ကလေးဆန်ခဲ့ပြီး ခုချိန်မှာ ရီစရာဖြစ်သွားတဲ့ ကျွန်တော်နဲ့ ကျွဲတစ်ကောင်ရဲ့ ရူးသွပ်မှုလေးပါ
လွန်ခဲ့တဲ့ ၂၀၀၃ ရဲ့ တနေ့ပေါ့ဗျာ ကျွန်တော်နဲ့ ကျွဲတကောင် မာနတွေ ပြိုင်ခဲ့တာ
ဘယ်သူနိုင်ခဲ့လဲတော့ မမေးကြနဲ့ပေါ့နော် ...
အဖြစ်အပျက်လေးက ဒီလိုဗျ အဟိ ...
ကျွန်တော် က စစ်တုရင် ကစားတာ အတော် ၀ါသနာကြီးတယ်လေ အဲဒီတုန်းကပေါ့
ကျွန်တော် အကို တစ်ယောက်နဲ့ အဲဒီ ကျွဲရဲ့ ခုတင်ပေါ်မှာ စစ်တုရင် ကစားနေတာ ပွဲရှိန်ကလဲ ကောင်းနေတယ့် အချိန် ကျွန်တော်တို့ကို ဖယ်ပေးဖို့ လာပြောတာ ... ဒီကလဲ ပွဲရှိန်ကောင်းနေတော့ ပြီးအောင် ကစားချင်တာပေါ့
ဒါပေမယ့် ....
အင်းလေ သူ့ဘက်က စဉ်းစားကြည့်တော့လဲ မှန်ပါတယ်
အိပ်ချင်လို့ ဖယ်ခိုင်းတာပဲလေ
အဲဒါကို အလိုက်မသိတဲ့ ကျွန်တော်ကလဲ စိတ်ဆိုးပြီး ဖယ်ပေးလိုက်မိတာ ...
နောက်နေ့ မနက်လဲ ရောက်ရောဗျာ အဲဒီကျွဲက အနော့ကို စကားပြောတော့ဘူးဗျ ...
ခက်တာက ကျွန်တော်ကလဲ လူသာသေးတာ စနေသား စိတ်ကြီးတယ်ဆိုတော့ ခပ်ပြတ်ပြတ်ပဲပေါ့
သူတောင် နေနိုင်တာ ကိုလဲ နေနိုင်ရမှာပေါ့ဆိုတဲ့ စိတ်နဲ့ နေခဲ့တာပေါ့ဗျာ ....
ဒါနဲ့ အဲဒီကျွဲနဲ့ ကျွန်တော် မျက်နှာချင်းဆိုင်မိရင် အရင် မြင်တဲ့သူက စရှောင်တာပေါ့ ဟဲ ဟဲ
အဲလို လုပ်ရပြီဆိုရင် ဘာရယ်ကြောင့်တော့ သိဘူး ကျွန်တော် အတော်ကို ရီချင်တာ ...
ဒါပေမယ့် သူ့ရှေ့မှာလဲ မရီရဲဘူး
ဘယ် ရီရဲမလဲ သူက ကျွဲဆိုတော့ အဟီး ကြောက်တာပေါ့ ...
ဒီိလိုနဲ့ နေလာလိုက်တာ ......
တနေ့ ကျွဲဖြစ်ချင်ပေမယ့် ဖြစ်ခွင့်မရတဲ့ သူငယ်ချင်း တယောက်မွေးနေ့မှာ အခင်ဆုံးသူငယ်ချင်းတွေနဲ့ အတူ အမှတ်တရ ဓာတ်ပုံရိုက်ချင်တယ်ဆိုတော့ ၃ လလောက် စကားမပြောပဲ စိတ်ကောက်နေတဲ့ အဲဒီကျွဲက ဘာစိတ်ကူးပေါက်သွားတယ် မသိဘူး ကျွန်တော့ကို လာခေါ်တယ်ဗျာ ...
အဲဒီ အချိန်မှာ ကျွန်တော်တွေးမိတယ် တကယ်လို့ သူသာ စမပြောခဲ့ဘူးဆိုရင် <..............>
အရင်က ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခုချိန်ထိတော့ ကျွန်တော်တို့က အရမ်းခင်ကြတဲ့ ကျွဲညီနောင်တွေပါပဲဗျာ ...

သတိရတယ် ကျွဲမရေ ......
မင်းနဲ့ငါ နောက်ထပ် အဲလိုမျိုးအဖြစ် ဖြစ်လာမယ် မထင်တော့ဘူးနော်
တကယ်လို့ MTU မှာ မင်းနဲ့ငါ ပြန်ဆုံကြဦးမယ် ဆိုရင်တော့ ........ ဟဲ ဟဲ

P.S:
<..............> ဆိုတာကိုတော့ ကိုယ့်ဘာသာပဲ တွေးကြည့်ကြပါတော့နော်

1 comment:

ပစ်တိုင်းထောင် said...

အမေနေ့( 10.1.2009)
အမေနေ့ဆိုလို့မြန်မာနိုင်ငံကအမေကိုလွမ်းလိုက်တာဗျာ။ အမေရဲ့စေတနာ၊အမေရဲ့မေတ္တာတွေကိုဝေးမှသတိရတာဗျာ။
အမေနယ်ခြားနေတဲ့အမေဆီကိုအပြေးလေသွားချင်လိုက်တာဗျာ
အမေကိုအရမ်းသတိရတယ်ဗျာ
ဒီနေ့ကစပြီးကျနော်အမေနဲ့အဖေတို့နေကောင်းပျော်ရွင်ပါစေလို့သားမောင်ဆုတောင်းပေးနေပါတယ်ဗျာ

Post a Comment

BBrothers တွေဟာ ခင်မင် ဖော်ရွေပြီး အားလုံးရဲ့အမြင်ကို လေးစားသူတွေပါ။

ဘလော့ဂ် ကို လာလည်တာ ကျေးဇူးအများကြီး တင်ပါတယ်။

ရင်ထဲမှာ ခံစားရတာလေးတွေရှိရင် BBrothers အတွက် ဒီနေရာလေးမှာ
ဖွင့်ဟ သွားပါဗျာ။

ကျေးဇူးတင်လေးစားစွာဖြင့်

BBrothers (ကောင်းတမန်၊၀င်းဖေ(အိုင်တီ)၊ရော်ရွက်ရင့်၊အမ်အမ်တီ၊ပစ်တိုင်းထောင်၊အင်ဖက်နတီ)